☁️3☁️

4.6K 574 37
                                    


အေဒင်နန်းတော်၏
နောက်ဘက် တံတိုင်း‌တွင်
ရောက်နေသော ထယ်ယောင်းနှင့်
ဂျောင်ကု ။

ဂျောင်ကုမှာတော့
ဂျက်စမင် ခိုးထွက်သည့်
အပေါက်ကို သိသွားပြီဖြစ်၍
ထိုအပေါက်ကို ပိတ်ရန်စဉ်းစား
ထားလေသည် ။

ဒီနေ့ သူသာ
မရောက်လာခဲ့ရင်
နန်းတော်ထဲက
လူတွေက ကလေးငယ်
ပျောက်တာလည်း
သိမှာမဟုတ်သလို
သိခဲ့ရင်တောင်အတော်
နောက်ကျသွားလိမ့်မည် ။

ဂျက်စမင်က အဖြူထည်လေး
လိုချင်သူတွေကလည်း
များသည်မို့ ဂျောင်ကုအနေနဲ့
စိတ်မချနိုင်ပါ ။

" ခင်ဗျား .. တကယ်ဘဲ အိမ်ပြန်ဖို့ အစီအစဉ်မရှိဘူးလား
ကျတော်အထဲဝင်ရတော့မယ် "

ထယ်ယောင်း
အနောက်ကနေ
တောက်လျှောက်လိုက်လာပြီး
အခုထိ မပြန်သေးသည့်လူကြောင့်
ထယ်ယောင်းမှာ အနေရခက်
လာသည် ။

နန်းတော်အနောက်ပေါက်ကို
ရောက်နေပေမယ့် ထိုလူရှိနေလို့
သူ့မှာ ဝင်မရဖြစ်နေသည် ။

သူ မင်းသားငယ်ဆိုတာသာ
သိသွားရင် ဒုက္ခပေးရင်
ဘယ်လိုလုပ်မလဲ ။

ငယ်ငယ်ကပြန်ပေးဆွဲခံရပြီး
ကတည်းက သူအကြောက်လွန်
ရောဂါပါရပြီးငယ်ဘဝက
အကြောင်းရာတစ်ချို့ပါမေ့
သွားခဲ့သည်မို့ လူစိမ်းဆို
ထယ်ယောင်း သိပ်ကြောက်ပါသည်။

" ကိုယ်ပြောပြီးသားလေ .. မင်းရှိတယ့်နေရာက အိမ်ဘဲလို့
ပြန်ဖို့ စိတ်ကူးမရှိဘူး "

" ဒါမယ့် ကျတော် အထဲဝင်‌ရတော့မယ်လေဗျာ "

စိတ်ရှုပ်နေပုံရသည့်
ဂျက်စမင်လေးကြောင့်
ဆက်မ‌စတော့
ဖို့ ဆုံးဖြတ်လိုက်သည် ။

" ဟုတ်ပါပြီ .. ဝင်တော့
နောက် ဘယ်တော့မှ ထပ်ပြီးခိုးမထွက်ပါနဲ့ မင်းသားငယ် "

ဟု ဆိုကာ
ပြောပြီးထွက်သွားသည့်
လူကြီးအား ကြောင်အကာ
ကြည့်နေမိသော ထယ်ယောင်း ။

နန်းတော်အပေါက်က
ဝင်မယ်ဆိုပေမယ့် သူ
မင်းသားငယ်မှန်းဘယ်လိုသိတာလဲ ။

နန်းတော်ထဲမှာ ထယ်ယောင်းနဲ့ရွယ်တူ
ကောင်လေးတွေရှိသည်လေ ။

♕︎ Jasmine Of King ♕︎√حيث تعيش القصص. اكتشف الآن