💔5💔

317 34 4
                                    

“စာကိုဂရုစိုက်သင်နော်”

Jin ကသာပြောနေတာ Jungkook ကဘာမှပြန်မပြောဘဲ Uni ဝင်သွားတယ်။ သူ့မေဂျာက Korea မေဂျာလေ။ သူ့ကအစောကြီးရောက်နေတော့ အခန်းထဲမှာ လူမရှိသေးဘူး။ ဒါပေမဲ့လဲ စိတ်ချရအောင် လူတွေရှင်းတဲ့ တစ်နေရာကို စာအုပ်နဲ့အတူ ထွက်လာခဲ့တယ်။ အဲ့နေရာက ‌ဆေးကျောင်း အနောက်ဖက် Jungkook စာအုပ်ကိုဖွင့်တာ မရလို့ဒေါသဖြစ်ပြီး စာအုပ်ကို ပစ်ချလိုက်တယ်။ စာအုပ်အောက်ကျသွားတဲ့ အချိန်မှာ စာအုပ်ကနေ အလင်းတန်းကြီးတစ်ခုက အရှေ့ကို ညွှန်ပြနေတယ်။ Jungkook လဲကြည့်လိုက် တော့ Jimin ဖြစ်နေတယ်။ Jimin စာအုပ်လေးကိုအောက်လိုက်တယ်။

“မင်းကဘယ်သူလဲ ငါ့စာအုပ်ပြန်ပေး”

“ငါက ဆေးကပါ။ မင်းက Korea မေဂျာကပေါ့။ Jungkook”

Jimin Jungkook လည်ဆွဲကဒ်လေးကို ကြည့်ပြီပြောလိုက်တယ်။

“နေပါအုံး ဘာလို့ မင်းလက်ထဲရောက်မှ အလင်းတန်းက ထွက်လာ ရတာလဲ။ ဒါမျိုးကို Jin Hyung ဆီမှာလဲ မြင်ဖူးတယ်”

“ငါလဲမသိဘူးလေ။”

ရုတ်တရပ်စာအုပ်က သူ့ဘာသာကပွင့်လာပြီး ပထမစာမျက်နှာပေါ်လာတယ်။ Jungkook နဲ့ Jimin လဲ ဖတ်ကြည့်လိုက်တာပေါ့။

*နောက်ထပ် လူ ၁ ယောက်ကျန်သေးသည်။ လူ ၃ ယောက်ပြည့်မှ ကျန်သည့် စာမျက်နှာတွေ ပေါ်လာမည်။ နောက်လူတစ်ယောက်က မင်းတို့အနီးအနားမှာ ရှိနေသည်*

“ဘာကြီးလဲ ဘာတွေရေးထားတာလဲ”

Jungkook လဲသူ့အမာရွတ်ကို သတိရလိုက်တယ်။ အဲ့တာကြောင့် Jimin ကိုခွင့်မတောင်းဘဲ Jimin ရဲ့အင်္ကျီကြယ်သီးတွေကိုဖြုတ်ပြီး အမာရွတ်ရှိမရှိ ကြည့်လိုက်တော့။ Jimin မှာလဲ အမာရွတ်ရှိနေတယ်။

“မင်းဒီ အမာရွတ်က ဘယ်ကနေဘယ်လိုရတာလဲ”

“အဲ့တာက ငါမွေးကတည်းက ပါတာလေ။ ဘာဖြစ်လို့လဲ”

“ငါမှာလဲရှိတယ်။ ငါလဲမွေးကတည်းကပါတာ”

Jungkook သူ့အမာရွတ်ကိုပြလိုက်တယ်။ Jimin အရမ်းအံ့ဩသွားတာပေါ့။

“မင်းမှာလဲရှိနေတာပေါ့”

“ဟုတ်တယ်။ ပြီးတော့ မင်းကိုငါ ရင်းရင်းနှီးနှီးသိနေသလိုဘဲ”

🐇🐁 Because of me 🐥🐅[Uni/Zaw]Where stories live. Discover now