💔8💔(final)

531 32 2
                                    


“မင်းသား မနက်ဖြန်ကြရင် တစ်ခြားနိုင်ငံက ဒီကိုစစ်လာတိုက်မယ်လို့သိရပါတယ်။ အဲ့တာကြောင့် စီစဉ် စရာရှိတာစီစဉ်ပြီးပါပြီ။”

“သူတို့လာတိုက်တာကို စောင့်နေမှာလား။ ငါတို့က အရင်သွားတိုက်သင့်တာလား”

“ဒါပေမဲ့”

“အခုချက်ချင်း အားလုံးကိုအကြောင်းကြားပါ။ ဒီညဘဲ အဲ့နိုင်ငံကိုသွားတိုက်မယ်”

Jungkook အဲ့တာတွေကို ကြားသွားပြီး Taehyung ကိုလာပြောတယ်။ Jimin ကလဲအိမ်ထဲမှာ မအိပ်သေးတော့ ကြားနေရတာပေါ့။

“ဒီည စစ်သွားတိုက်မှာတဲ့။ ငါဘယ်လိုလုပ်သင့်လဲ”

“ဒီညတိုက်မှာလား။ မင်းလိုက်မယ်လို့ ပြောလိုက်လေ။ ပြီးတော့ မင်းသူ့ကို မြှားနဲ့ပစ်ပြီးသား သတ်လိုက်တော့”

“တကယ်လုပ်ရမှာလား”

“လုပ်လိုက်ပေါ့ကွာ”

Taehyung Jungkook ကိုပြောပြီး နန်းတော်ထဲကို ဘယ်သူမှ မသိအောင်ဝင်သွားတယ်။ Jimin လဲစိုးရိမ်ပြီး မြင်းတစ်ကောင်နဲ့အတူတူ Jungkook နောက်ကိုလိုက်သွားတယ်။

“Jin Hyung”

“Taehyung ငါအခုစစ်တိုက်ထွက်တော့မှာ မင်းပြန်လာတာ ဝမ်းသာတယ်”

“Hyung မသွားပါနဲ့လား။ သွားရင် Hyung သေလိမ့်မယ်”

“ဘာတွေပြောနေတာလဲ။ နမိတ်မရှိဘူး”

“တကယ်ပြောနေတာ။ ကျွန်တော်ကူညီနိုင်တာ ဒါအကုန်ဘဲ။ မယုံလဲ သွားပေါ့။”

“မင်းနေခဲ့”

“ကျွန်တော်လိုက်ခဲ့မယ်”

“နေခဲ့လို့”

“လိုက်ခဲ့မှာ။ ဒါဘဲပြောမယ်”

သူတို့ စစ်တိုက်ဖို့ တစ်ခြားနိုင်ငံဘက်ကို ထွက်လာကြပြီလေ။ Jungkook ကလဲနောက်ကနေ မြင်းစီးပြီး ပါလာတာပေါ့။ Jimin လဲစိတ်မချနိုင်လို့ နောက်ကနေ ဘယ်သူမှမသိအောင်လိုက်လာတယ်။

“ထင်ထားတဲ့အတိုင်းဘဲ မနက်ဖြန်ဆိုတာမှားတယ်။ ဒီနေ့ညကို သူတို့ကဝင်တိုက်ချင်တာ”

“ယုတ်မာတဲ့သူတွေဘဲ”

“တိုက်ကြ”

သူတို့နှစ်နိုင်ငံခြင်းတိုက်ကြတာပေါ့။ Taehyung ကလဲဝင်တိုက်နေတာကို Jimin မြင်သွားတယ်။

🐇🐁 Because of me 🐥🐅[Uni/Zaw]Where stories live. Discover now