“Hyung ဘာလို့ရောက်လာတာလဲ”“ငါပျင်းလို့။ မင်းတို့နဲ့အတူ မြှားပစ်မလားလို့”
“ကောင်းတာပေါ့ လာအတူတူပစ်ကြမယ်လေ။”
“ဒီလိုလုပ်ပါလား။ ကျွန်တော်တို့ အမဲလိုက်ကြမလား။ မြင်းစီးတတ်တယ်မဟုတ်လား။”
“စီးတတ်ပါတယ်။ ဒါဆို ကျွန်တော်နဲ့ Hyung နဲ့အမဲလိုက်ပြိုင်ကြမလား”
“ကျွန်တော်က ဒိုင်လုပ်ပေးမယ်။”
“ရှုံးတဲ့သူက နိုင်တဲ့သူခိုင်းတာလုပ်ရမယ်”
“ကောင်းပြီလေ”
Taehyung နဲ့ Jimin အမဲလိုက်ပြိုင်ကြတယ်။ Jungkook ကဒိုင်လုပ်ပေးတာပေါ့။ သမင်းကိုပစ်မှာလေ။ Jimin ကအမဲမလိုက်တာ ကြာပြီဆိုတော့ Taehyung ကိုလိုက်မမှီဘူးဖြစ်နေတယ်။ နောက်ဆုံးမှာ Taehyung သမင်တစ်ကောင်ကို မြှားနဲပစ်လိုက်နိုင်လို့ Taehyung နိုင်သွားတယ်။
“ကျွန်တော်နိုင်ပြီနော်”
“မင်းငါ့ကိုဘာခိုင်းမှာလဲ”
“ကျွန်တော်တောင်းဆိုမှာပါ ကျွန်တော့်ကို Hyung ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းလိုမျိုး အိမ်ကို အဝင်အထွက် ပြုပေးပါလား။ ပြီးတော့ Jungkook လိုမျိုးကျွန်တော့်ကို ဂရုစိုက်ပေးပါလား”
“ရပါတယ်။ ငါ့အတွက် လွယ်ပါတယ်”
Taehyung အရမ်းပျော်သွားတာပေါ့။ ညနေ ၃ နာရီထိုးတော့မှာဆိုတော့ သူလဲ နန်းတော်ထဲကို ပြန်လာခဲ့တယ်။ သူပြန်လာတော့ Jin အခန်းထဲကနေ စစ်သူကြီးတစ်ချို့နဲ့ပြောနေတာကို သူကြားသွား တယ်။
“မနက်ဖြန်မနက် သူ့ကိုဖမ်းပြီး တောအုပ်ထဲက ရေကန်ကြီးရဲ့ တစ်နေရာမှာ သူ့ကိုထားထား ငါလာတွေ့ မယ်”
Taehyung လဲသိချင်သွားတာကြောင့် မနက်ဖြန် မနက်စောစော Jimin တို့အိမ်ကိုသူတစ်ယောက်ထဲသွား ပြီး Jungkook ကိုလာခေါ်တယ်။ Jungkook လဲဘာမသိညာမသိနဲ့ လိုက်လာရတာပေါ့။ Jimin လဲ သူတို့ကိုစိတ်မချတာနဲ့ နောက်ကနေ လိုက်လာတယ်။
“ဒါဘယ်နေရာကြီးလဲ။”
“ငါမင်းကို ရေကန်ကြီးနားခေါ်သွားမလို့ အဲ့ရေကန်က အရမ်းလှတာ။ အခုတော့ ဒီသစ်ပင်နောက်မှာ ခနနေအုံး”
YOU ARE READING
🐇🐁 Because of me 🐥🐅[Uni/Zaw]
Romanceဘဝနှစ်ခုရဲ့ဆက်နွယ်မှု့တွေကြောင့် သူတို့ 4 ယောက် နည်းအမျိုးမျိုးနဲ့ ဆုံတွေ့ကြပြီး သူတို့ ရဲ့အမုန်းတွေကို အချစ်တွေဘယ်လိုဖြစ်ပေါ်သွားလဲဆိုတာကို ရေးထားတဲ့ နှစ်ဘဝ fic လေးပါ