💔7💔

289 27 3
                                    


“Hyung ဘာလို့အဲ့လိုလုပ်ရတာလဲ”

“ဘာကိုပြောနေတာလဲ။ မင်းဘာလို့ငိုနေတာလဲ”

“Hyung ဘာလို့လူသတ်လိုက်တာလဲ”

“ဟို အခွန်အရာရှိလား”

“ဘာလို့သတ်တာလဲ”

“သူကအခွန်တွေကို လိမ်ပြီးတင်တယ်လေ။ အဲ့တာကြောင့်ပေါ့။”
    
“Hyung သတ်လိုက်တဲ့သူက ကျွန်တော်ချစ်တဲ့သူရဲ့ အဖေဗျ။ သူကျွန်တော်ကို မုန်းလိမ့်မယ်”

“ဘာပြောတယ်။ မင်းချစ်တဲ့သူ ဟုတ်လား။ သူ့မှာ သားတွေဘဲရှိတာလေ”

“ကျွန်တော်ချစ်တာက သားအကြီး။ ကျွန်တော်သူ့ကိုချစ်တယ်။ ပြောရရင် Hyung ထက်ပိုချစ်တယ်။”

“မင်းရူးများသွားတာလား”

“ကျွန်တော်မရူးဘူး။ အဲ့တာကြောင့် ကျွန်တော် Hyung လိုရက်စက်ပြီး အသဲနှလုံးမရှိတဲ့ သူကို အကိုမတော်ချင်ဘူး။ အဲ့တာကြောင့် ဒီနေ့ကစပြီး ကျွန်တော့်ကိုလာမရှာနဲ့”

Taehyung ပြောပြီး Jungkook ဆီထွက်လာခဲ့တယ်။ Jungkook လေးကကလေးစိတ်ဘဲ ရှိတာဆိုတော့ သတ်ခိုင်းတဲ့ ဘုရင်ကိုအရမ်းမုန်းနေတယ်။ Jimin လဲဓားဒဏ်ရာနဲ့ သတိပြန်ရလာပြီလေ။

“Jimin မင်းသက်သာလား”

“ငါသက်သာပါတယ်။ Jungkook ရော သူ့အဆင်ပြေရဲ့လား”

“သူအရှေ့မှာရှိတယ်။”

“ငါမင်းကိုတစ်ခုတောင်းဆိုချင်တယ်”

“ဘာလဲ”

“သူက အိမ်ရှေ့စံမင်းသားကိုသတ်ချင်နေတယ်။ အဲ့တာ အိမ်ရှေ့စံမင်းသားကိုသူမြင်လိုက်လားမသိဘူး။ အကယ်၍ သူမြင်လိုက်ရင် တစ်နေ့ သူအိမ်ရှေ့စံမင်းသားကိုတကယ်သတ်လိမ့်မယ်။ အဲ့တာကြောင့် မင်းသူ့ကို ဂရုစိုက်ပေးပါ”

“ရပါတယ်။ ငါဂရုစိုက်ပေးမှာပါ”

Taehyung လဲ Jungkook နားမှာ တစ်ချိန်လုံးနေပေးလိုက်တယ်။

“မင်းနန်းတော်ထဲရောက်ဖူးလား”

“ဘာလို့လဲ”

“ငါအိမ်ရှေ့စံမင်းသားကိုဒီညသွားသတ်မလို့”

“မသတ်လို့မရဘူးလား”

🐇🐁 Because of me 🐥🐅[Uni/Zaw]Where stories live. Discover now