Part 9

9K 1K 31
                                        

ZawGyi

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.


ZawGyi

ဘာအမှားမှမလုပ်ထားဘဲ အလုပ်ပြုတ်မည်ကိုစိုးရိမ်နေသည့် ရှောင်းကျန့်​ကြောင့် ဝမ်ရိပေါ်တစ်ယောက် နည်းနည်းတောင်ကြောင်သွားသည်အထိပင်...

နောက်ပြီး​ရှောင်းကျန့်က အခုကိစ္စက မတော်တဆမဟုတ်ဘဲ သူ့ကိုစိတ်တိုလို့​ ပစ္စည်းနဲ့ကောက်ပေါက်လိုက်တာလို့ထင်သွားခဲ့တာပဲ....

"နေရတာအဆင်ပြေရဲ့လားမသိဘူး"

"---------"

ဝမ်ရိပေါ်တစ်ယောက် မေးလိုက်မိပြီးမှ ကိုယ့်ကိုယ်ကိုပြန်ကျိန်ဆဲမိသွားတယ်။ နဖူးကိုဖန်တုံးနဲ့အပေါက်ခံရပြီး သတိတောင်မေ့သွားတဲ့လူက အခုအချိန်မှာ အဆင်ပြေနေပါ့မလား?

"ဆောရီး ကျွန်တော်မေးချင်တဲ့အဓိပ္ပါယ်က အရမ်းနာနေလား ဆေးရုံပို့ပေးရမလားလို့ပါ ရုတ်တရက်ဖြစ်သွားတာဆို​တော့ ကုမ္မဏီထဲက​ဆေးခန်းကိုပဲ​ခေါ်လာလိုက်တာမို့လို့"

သူ့ကိုသေချာရှင်းပြနေသည့် ဝမ်ရိ​ပေါ်​ကြောင့် သူရောက်နေသည့်နေရာကို ရှောင်းကျန့်သိလိုက်ရသည်။

Wang Group မှာ ဆေးခန်းတောင်ရှိတာ သူအခုမှသိတာပဲ...

"ကျွန်တော်အဆင်ပြေပါတယ် ဆေးရုံအထိသွားစရာတော့မလိုပါဘူး"

"မသက်သာရင်ပြောပါ။ အားမနာပါနဲ့"

"ဟုတ်ကဲ့"

"ဟိုလေ..နဖူးက..."

အနည်းငယ်ပြောရခက်နေပုံရသည့် မန်နေဂျာချုပ်ကြောင့် သူကပဲစကားဝင်​ထောက်​ပေးလိုက်သည်။

"ဟုတ်ကဲ့ ပြောပါ"

"ဟို...သုံးချက်ချုပ်လိုက်ရတယ်"

"--------"

သူ့နဖူးက ချုပ်ပါချုပ်လိုက်ရတာလား ဒီအတိုင်းနည်းနည်းကွဲသွားယုံမဟုတ်ဘူးလား။ ဟုတ်တော့လည်းဟုတ်ပါတယ်လေ စထိသွားတဲ့အချိန်တုန်းကဆို မူးနောက်ပြီးနာသွားတာများ ဘာဖြစ်သွားမှန်းကိုမသိဘူး။ မျက်လုံးတွေတောင်ပြာဝေသွားတာပဲ

Hot Chocolate Donde viven las historias. Descúbrelo ahora