Part 19

8.3K 1K 34
                                    

ZawGyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ZawGyi

"Hey ဝမ်ရိပေါ်!!! သတိရနေတာ ငါ့ကောင်ကြီး"

လက်တစ်ဖက်မြှောက်ပြလို့ အသံကျယ်ကျယ်ဖြင့် ရုံးခန်းထဲသို့ဝင်လာသည့် ချန်းယီကို စိတ်ရှုပ်သလိုတစ်ချက်သာလှမ်းကြည့်လိုက်ပြီး​နောက် ဝမ်ရိပေါ်ကသူ့အ​လုပ်သူပြန်​လုပ်​နေ​တော့သည်။

"ဝမ်ရိပေါ် ငါ့ကိုမင်းလည်းသတိရနေတယ်မလား?"

"---------"

"ဆိတ်ဆိတ်နေခြင်းက ဝန်ခံခြင်းဆိုတော့ ငါ့ကိုသတိရနေခဲ့တာဟုတ်နေတာပဲ ငါ့သူငယ်ချင်းကြီးက နှုတ်ကနေဝန်ခံရမှာရှက်နေတာငါသိတာပေါ့"

"ဘာလာလုပ်တာလဲ အလုပ်မရှိဘူးလား?"

"ဝမ်ရိပေါ်ရာ အဲဒီလောက်အထိရက်စက်ပြရလား? မင်းသွားပြီးစစ်ဆေးခိုင်းထားတာတွေကြောင့် ငါသုံးလကျော်လောက် ဘယ်လောက်တောင်အလုပ်တွေ ကြိုးစားခဲ့ရလည်းသိလား? အခုမှပြန်ရောက်တဲ့သူကို အလုပ်လုပ်ဖို့ပြောနေတာတော့မကောင်းပါဘူး။ ငါ့ကျေးဇူးကြောင့် မသမာမှုလုပ်နေတဲ့သူတွေကို မင်းဖော်ထုတ်နိုင်ခဲ့တာလေ"

"ဘယ်သူကအတင်းလုပ်ခိုင်းနေလို့လဲ"

စကားတွေများနေသည့် ချန်းယီကိုတစ်ချက်ပင် ထပ်လှည့်မကြည့်ဘဲဝမ်ရိ​ပေါ်မှာအလုပ်လုပ်​နေရင်းမှ​ပြောလိုက်ခြင်းဖြစ်သည်။

"အိုက်ဂူး ငါသိတာပေါ့ ငါ့သူငယ်ချင်းလေးက အပြင်ပန်းအေးစက်ပေမယ့် ငါ့အပေါ်တကယ်ကောင်းတာပါ"

မျက်နှာပြောင်ပြောင်ဖြင့် ဝမ်ရိပေါ်၏စားပွဲဘေးတွင် ရပ်ကာပြောနေသည့် ချန်းယီတစ်ယောက် ဆက်ပြောလာသည့်ဝမ်ရိ​ပေါ်၏စကားအဆုံးတွင်​တော့ နင်သွားရလေသည်။

Hot Chocolate Where stories live. Discover now