![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ZawGyi
ထမင်းစားပြီးဘာမှလည်းမလုပ်ရဘဲ ဒီအတိုင်းသာကားပေါ်မှာထိုင်နေရသည့်အခါ ရှောင်းကျန့်မှာအိပ်ငိုက်လာရပြီဖြစ်သည်။ ကားပေါ်မှဆင်းကာ လမ်းလေးဘာလေးလျှောက်ချင်မိသော်လည်း ဝမ်ရိပေါ်၏ ဘယ်မှမသွားနဲ့ ဆိုသည့်စကားအား ရှောင်းကျန့်ကတစ်သဝေမသိမ်း လိုက်နာမိသည်။
သူများတွေလိုဖုန်းကြည့်နေရအောင်လည်း social media သုံးလေ့မရှိသော ရှောင်းကျန့်က ထူးထူးခြားခြားကြည့်စရာရှိမနေပေ။ ဤသို့ဖြင့်သူ၏မျက်ခွံများမှာ တစ်စထက်တစ်ဖပိုမို၍လေးလံလာခဲ့တော့သည်။
ဝမ်ရိပေါ်ကားပေါ်တက်လာသည့်အချိန်တွင် မှန်ရှိရာဘက်သို့မှီကာအိပ်ပျော်နေသည့် ရှောင်းကျန့်ကိုတွေ့လိုက်ရသည်။
အခုအချိန်မှာကားမောင်းထွက်လိုက်ရင် အိပ်ပျော်နေသည့်သူ သေချာပေါက်နိုးသွားနိုင်သည်ကိုသိနေသည့် ဝမ်ရိပေါ်က ကားပေါ်တွင်ငြိမ်ပြီးထိုင်နေဖို့ကိုသာရွေးချယ်လိုက်သည်၊
အသက်ကြီးပြီးအချိန်မစီးတဲ့ အဖိုးကြီးတွေကြောင့် အခန်းထဲမှာရှောင်းကျန့်ကို မထားချင်တာမို့သာ ထွက်သွားခိုင်းလိုက်ရတာ သူတော်တော်အချိန်ကြာသွားတာမို့ ရှောင်းကျန့်တစ်ယောက်တည်း ပျင်းနေမှာအသေအချာပဲ။ အဲဒီလိုလူတွေကို သူတကယ်ရွံတယ်။ ဖြစ်နိုင်ရင်အလုပ်အတူတူကိုမလုပ်ချင်ပေမယ့် တော်တော်များများက ဒီလိုလူတွေပဲဖြစ်နေတဲ့အခါ အောင့်အီးသည်းခံနေရတယ်။ တကယ်တမ်းသူ့စိတ်နဲ့ဆို အဲဒီလိုလူတွေနဲ့ လုံးဝပတ်သတ်မှာမဟုတ်ဘူး။
ခုနကလည်း အဲဒီအဖိုးကြီးတွေ လူကိုရှေ့မှာထားပြီး မဆင်မခြင်ပြောနေကြတဲ့ကြားမှာ အလုပ်လုပ်နေရတဲ့ရှောင်းကျန့်ကို သူတကယ်အားနာမိသလို ဟိုအဖိုးကြီးတွေကိုလည်းဒေါသထွက်လွန်းလို့ပြဿနာရှာမိတော့မလို့ ဒါပေမယ့်လှုပ်ရှားမှုတွေခဏသာရပ်သွားပြီး သည်းခံပြီး သူ့အလုပ်သူဆက်လုပ်နေတဲ့ရှောင်းကျန့်ကြောင့် သူ့ဒေါသကိုသူပြန်ထိန်းလိုက်တာ။

YOU ARE READING
Hot Chocolate
Fanfictionအချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင် ပူပူနွေးနွေး hot chocolate တစ်ခွက်လို့ဖြေမယ်...ချိုမြိန်တယ်...နွေးထွေးတယ်...ထာဝရရိုးမသွားဘူး။ အချစ်ဆိုတာဘာလဲလို့မေးလာခဲ့ရင် ပူပူနွေးနွေး hot chocolate တစ်ခွက်လို့ဖြေမယ်...ချိုမြိန်တယ်...နွေးထွေးတယ်...ထာဝရရိုးမသွားဘူး