Part 18

8.6K 1K 31
                                    

ZawGyi

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ZawGyi

မနေ့တုန်းကသူဖုန်းဆက်တာကို မကိုင်တဲ့​ရှောင်းကျန့်​ကြောင့် ဝမ်ရိပေါ်မှာအိမ်ကို လိုက်သွားဖို့သာဆုံးဖြတ်လိုက်တယ်။

အကယ်၍များ အပြင်းအထန် နေမ​ကောင်းဖြစ်ပြီးတစ်ယောက်တည်းလဲ​နေတာမျိုးဖြစ်​နေနိုင်တယ်မဟုတ်လား? ကုမ္မဏီနဲ့သိပ်မဝေးတဲ့နေရာမှာမို့ ဆယ့်ငါးမိနစ်အတွင်း တိုက်ခန်းရှိရာကိုရောက်လာခဲ့တဲ့ ဝမ်ရိပေါ်က အခန်းတံခါးလာဖွင့်ပေးတဲ့ရှောင်းကျန့်ကိုတွေ့လိုက်ရတဲ့အချိန်မှ အနည်းငယ်စိတ်သက်သာရာရသွားသလို...

ဒါပေမယ့် သူ့ကိုမြင်ပြီးအံ့အားသင့်နေပုံရတဲ့ရှောင်းကျန့်က သူ့နာမည်ကိုခေါ်လိုက်ပေမယ့် ဘာစကားမှထပ်မပြောလာဘဲ ရပ်မြဲရပ်နေတာမို့ သူကပဲစကားစလိုက်ရတယ်။

"အိမ်ထဲပေးမဝင်တော့ဘူးလား?"

သူမေးလိုက်တော့မှ ရှောင်းကျန့်က အပေါက်ဝမှာပိတ်ရပ်ထားတဲ့သူ့ကိုယ်ကိုဖယ်ပေးပြီး အနည်းငယ်သာဟထားတဲ့ တံခါးကိုပိုဖွင့်လိုက်တာမို့ အိမ်ထဲကိုဝင်လိုက်မိသည်။

သူ့အခန်းပေါက်ဝမှာရပ်နေတဲ့ ဝမ်ရိပေါ်ကြောင့် ရှောင်းကျန့်တစ်ယောက် အရမ်းလန့်နေမိတာမို့ ပါးစပ်ကနေစကားတစ်လုံးမှမထွက်နိုင်ဖြစ်​နေတုန်း အိမ်ထဲဝင်ဖို့မျက်နှာတည်ကြီးတဲ့​ပြော​လာတဲ့အခါ ဒူးပါတုန်လာရပြီဖြစ်သည်။

အိမ်ထဲဝင်သွားတဲ့ ဝမ်ရိပေါ်အနောက်ကနေလိုက်သွားတဲ့ ရှောင်းကျန့်ခေါင်းထဲမှာ​တော့ မေးခွန်းတွေဖြင့်ပြည့်နှက်နေခဲ့သည်။

အခုဝမ်ရိပေါ်ကသူ့ဆီလိုက်လာတာလား? ဘာလုပ်ဖို့လိုက်လာတာလဲ ဟိုကိစ္စနဲ့ပတ်သတ်ပြီးရှင်းမလို့များလား? ပြဿနာရှာမလို့လား? ဒေါသထွက်နေတာလား?

Hot Chocolate Where stories live. Discover now