Ep 4(Unicode)

147 20 0
                                    


အတွေးယန္တရားကြီးကလည်းယောက်ယက်ခက်နေသည်။ တစ်စုံတစ်ယောက်သောသူကိုအပိုင်လိုချင်စိတ်ကကြီးထွားသည်။ထိုလူသည်သာသူ့အပိုင်။ထိုလူသည်သာသူသဘောကျသည့်လူသား။ ထိုလူသည်သာသူ့အမျိုးသားဖြစ်စေချင်သည်။ ဆယ်တန်းဖြေရဖို့နီးလာသည်နှင့်အမျှစာတွေမှာလည်းအလွန်များလာသည်။ ကျူရှင်မှပြန်ရောက်သည်နှင့်စာအုပ်ပုံရှေ့မှာထိုင်ရသည်။ ဂျင်နီကလည်းအာဟာရဖြစ်စေမည့်မုန့်များကိုသာအစာပြေပြင်ဆင်ပေးတတ်သည်။ ဂျွန်ကလည်းကျွန်တော့်ကိုတစ်ခါတလေလာကြိုသည်။စာကူပြပေးသည်။ပန်းခြံလိုက်ပို့ပေးတတ်သည်။အစားအသောက်ကောင်းများကိုဝယ်ခြမ်းလာတတ်သည်။ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးတတ်သည်။စာကျက်နေချိန်ဆိုလျှင်ခွံ့ပါကျွေးသည်။ ယုယုယယကြင်နာပေးသည်။သို့သော်ထိုလူသား၏အပြုအမူများနှင့်မျက်ဝန်းများသည်ညီလေးတစ်ယောက်ဆိုသည်ထက်မပိုပါ။ကျွန်တော်သိနေသည်။ ဂျွန်ကထယ်ဆိုသောအသုံးအနှုန်းထက် "ငါ့ညီလေးကတစ်ကယ်ချောတာနော်"၊
၊ "ငါ့ညီလေးကိုအစ်ကိုကခွံကျွေးရမှာပေါ့ဗျ"
ငါ့ညီဆိုသောအသုံးအနှုန်းကိုပိုသဘောကျသည်။ ပကတိဖြူဖြူစင်စင်တွေးနေသောဂျွန့်အပေါ်ကာလာစုံခံစားချက်တွေဖြစ်နေသည်မှာကျွန်တော်ပင်။

ဤသည်လူသား၏အပြုအမူများသည်စိတ်အစဉ်ကိုကွေးညွှတ်ဖို့လုံလောက်သည်။

ချစ်ခြင်းမေတ္တာကိုဖောင်ဖွဲ့မပြတတ်သည့်တိုင်အောင်ဂျွန့်အတွက်ဆိုလျှင်နှလုံးသွေးနှင့်ကဗျာပင်ရေးနိုင်နေပြီ။

ဂျွန့်အတွက်ဆိုနေကြာပန်းလေးဖြစ်ချင်သော်လည်းဆိတ်ဖလူးပန်းလေးသာဖြစ်နေရသည်။

နေ့တွေညတွေမှားနိုင်လောက်သည်အထိပြုစားနိုင်သည်များကဂျွန့်ရဲ့မျက်ဝန်းလေးတွေ။

ဂျွန်ရယ်..........ဂျွန်က ကျွန်တော်လိုချင်တဲ့ကောင်လေး။

"ထယ်ရေ ထယ်"
ကျွန်တော်ကအခန်းတံခါးကိုလော့ခ်ချထားလေ့မရှိသော်လည်းတစ်အိမ်လုံးကအမြဲတံခါးခေါက်လေ့ရှိသည်။ ဤသည်မှာလည်းသူများ၏ကိုယ်ရေးကိုယ်တာကိုလေးစားခြင်းတစ်မျိုးဖြစ်သည်။

beyond bitteRSweet preterite memories(Eden contest)CompletedWhere stories live. Discover now