Ep 5(Unicode)

150 16 0
                                    

ကျွန်တော်တို့လေယာဥ်ကွင်းသို့ရောက်နေကြသည်။အကြောင်းမှာဂျွန်၏ကောင်မလေးပြန်လာခြင်းဖြစ်သည်။ ကျွန်တော့်စိတ်ကိုဘယ်လိုဖော်ပြရမလဲ။ ထိုမိန်းမပျိုကိုတွေ့လည်းတွေ့ချင်မိသည်။ မတွေ့လည်းမတွေ့ချင်ပြန်ဘူး။ ရင်ဘတ်တစ်ခုလုံးဆွဲစုတ်ထားသကဲ့သို့နာကျင်လွန်းလှသည်။ အပေါက်ဝ၌ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသောဂျွန့်ကိုအခြားသူများကကြည့်နေကြသည်။တစ်ချို့သောမိန်းကလေးများမှာလည်း ငေးမောနေကြသည်။ ဂျွန့်မိန်းကလေးကမည်မျှပြည့်စုံသည်လဲမသိ။ အရမ်းချောမောလှသောကောင်မလေးတွေကိုတောင်ဂျွန်ကအရေးမပေးတတ်ပေ။ တွေးလေရူးချင်လေပဲ။ ဂျွန့်ကောင်မလေးလိုက်ပါလာသောလေယာဥ်သည်ဆိုက်ရောက်လာပြီ။ လူတော်တော်များများထွက်လာကြပြီ။ ဝှီးချဲပေါ်၌ထိုင်နေသောကောင်မလေးတစ်ယောက်သည်လည်းထွက်လာလေသည်။ ဤမိန်းကလေးသည်လည်းကျွန်တော့်လိုဘဝမျိုးပင်ဖြစ်သည်။ ယခုအချိန်ထိဂျွန့်ကောင်မလေးကထွက်မလာသေးပါ။

"ယောင်း"
"ကူးး"
ဂျောင်ဂုကသူ၏မိန်းကလေးဆီသို့သွားကာပွေ့ဖက်လိုက်လေသည်။ မျက်ရည်များဖြင့်ထိုမိန်းကလေး၏လက်နှစ်ဖက်ကိုကိုင်ထားလေသည်။ ထိုမိန်းကလေးမှာလည်းဂျောင်ဂုကိုပြန်လည်ပွေ့ဖက်ပြီးနဖူးကိုအနမ်းခြွေနေလေသည်။ ပတ်ဝန်းကျင်၌တိတ်ဆိတ်မှုတို့ကြီးစိုးသွားသည်။စက္ကန့်ပိုင်းမျှတိတ်ဆိတ်လျက်ရှိသည်။

ဂျွန့်မိန်းကလေးက ကျွန်တော့်လိုပင်။ ဝှီးချဲပေါ်၌ထိုင်နေသောမိန်းကလေးကဂျွန်၏မိန်းကလေးတဲ့။ မိတ်ကပ်မလိမ်းထားသောမျက်နှာပြင်သည်ကြည်လင်နေသည်။ ချောမောလှပသည်ဟုမဆိုနိုင်သော်လည်း ကျက်သရေရှိလှသည်။ မျက်နှာထက်၌ဝက်ခြံအမြောက်အမြားနေရာယူထားသည်။ အသားအရည်သည်နှင်းပွင့်လေးအတိုင်းဖြူစင်လွန်းလှသည်။ စတိုင်ကျကျဝတ်ဆင်ထားသည်မဟုတ်သော်လည်းသန့်သန့်ပြန့်ပြန့်ရှိလှသည်။ ဂျွန်၏မိန်းကလေးသည်သာမန်မိန်းကလေးတစ်ယောက်သာဖြစ်သည်။ ထူးခြားမှုများရှိမနေပေ။ သို့သော်ဂျွန်ချစ်သည်။......

"ယောင်း ကူးမိတ်ဆက်ပေးအုန်းမယ် ဒါကလေ ကူး ပြောဖူးတဲ့တစ်ယောက်လေ ကင်ထယ်ယောင်းတဲ့။ ထယ်ရေ ကိုယ်ပြောတဲ့ကိုယ့်ရဲ့အမျိုးသမီးလေးပါ"

beyond bitteRSweet preterite memories(Eden contest)CompletedWhere stories live. Discover now