Ep 3(Unicode)

167 21 0
                                    

"ဂျွန်"
"ထယ်"

ကျွန်တော်ကျူရှင်ဆင်းတော့ဂျွန်ကရောက်နှင့်နေပြီဖြစ်သည်။ ကျွန်တော်အော်ခေါ်လိုက်သည်နှင့်အပြေးရောက်လာသည်။ ယုန်သွားလေးနှစ်ချောင်းပေါ်သည်အထိရယ်နေသည်ကြောင့်ကျွန်တော်ပင်ပန်းနေသမျှပြေရသည်။ဤမျှအထိဂျွန်ကစွမ်းဆောင်နိုင်ပါသည်။

"စာကောင်းကောင်းသင်ခဲ့ရဲ့လားထယ်"

"ဒါပေါ့ ဂျွန်ရဲ့"
ဂျွန်ကမယုံသလိုဖြင့်မျက်လုံးတွေကိုမှေးကြည့်၍ပြုံးစိစိလုပ်နေသည်။အပြုအမူလေးတွေကအစချစ်ဖို့ကောင်းလိုက်တာလူကြီးရယ်.......

"တစ်ကယ်ပါဗျ တစ်ကယ်"
"ဟုတ်ပါပြီဗျ ယုံပါတယ် ထယ်လေးကစာအရမ်းတော်တယ်ဆိုတာလည်းသိပြီးသားပါဗျ"

"ဟီးး"
"ထယ်ရေ ပြန်ဖို့အဆင်သင့်ဖြစ်ပြီလားဗျ ကျွန်တော်မျိုး ထယ့်ကိုချီပါတော့မယ်"

ထယ်ကခေါင်းညိတ်ပြလိုက်သည်နှင့်ခါးပေါ်လာချိတ်သောဂျွန်၏လက်များ။ ဂျွန်ကချီလိုက်သည်ကြောင့်ရင်ခုန်သံပင်တဒိတ်ဒိတ်ဖြစ်ရသည်။ ဂျွန့်နားရောက်တိုင်းလုပ်နေကြမှာဂျွန်၏မူပိုင်လာဗင်ဒါကိုယ်သင်းရနံ့လေးကိုခိုးရှုရှိုက်နေကျဖြစ်သည်။ တစ်မိနစ်ပင်မပြည့်သောအချိန်လေးအတွင်းမှာရင်ခုန်သံစည်းချက်မမှန်အောင်လုပ်နိုင်သည်မှာနည်းသောစကေးလားဗျ။ ဂျွန်က ကျွန်တော်ကိုlover seatမှာထိုင်စေပြီးခါးပတ်ကိုပတ်ပေးသည်။ ဝှီးချဲကိုနောက်ခန်းသို့ထည့်ကာဂျွန်လည်းထွက်ခွာခြင်းကိုစတင်သည်။

"ထယ် ဗိုက်ဆာလား ဒီနားမှာတစ်ခုခုဝင်စားမလား"
အဲကွန်းကိုအနေတော်ဖွင့်ထားသည်။ စံပယ်ပန်းရနံ့မှာလှိုင်လှိုင်ထနေသည်။ သင်းပျံ့မွှေးအေးနေသောကားပေါ်မှာရှိနေသည့်
လူနှစ်ယောက်လုံးမှာတိတ်ဆိတ်ငြိမ်သက်လျက်ရှိသည်။ Can't help falling in love with youဆိုသောသီချင်းသံအေးအေးလေးကြောင့်များလူနှစ်ယောက်ငြိမ်သက်နေရခြင်းလား။ ယခုလိုအခြေအနေကိုမနှစ်သက်သောဂျွန်ဂျောင်ဂုမှာထယ့်အားစကားရှာပြီးပြောလေသည်။

"ဗိုက်တော့ဆာနေပြီဂျွန် ဒီနားမှာဆိုရင် ခေါက်ဆွဲဆိုင်လေးရှိတယ် ဂျွန်"

beyond bitteRSweet preterite memories(Eden contest)CompletedWhere stories live. Discover now