Unicode +Zawgyi
🌸ဆုံစည်းခွင့်ရှိရင်🌸
❤️အပိုင်း(၁၀)❤️
~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~
မှူးတို့အပြင်ကပြန်လာတာပင်မကြာသေး။ စက်ကရေကူးချင်တယ်ဆိုပြီး အတင်းပူဆာတာကြောင့် ဟိုတယ်ရဲ့ရေကူးကန်နားမှာ ရောက်နေခြင်းဖြစ်သည်။
စက်ကရေကန်ထဲမှာ ရေကူးနေပြီး မှူးက ကန်ဘောင်ပေါ်မှာ ရေထဲခြေထောက်နစ်ကာ ထိုင်ချထားသည်။
"ဗွမ်း..."
"ဟာ စိုကုန်ပြီ"
"ဟင်းဟင်း"
စက်ကမှူးကို ရေနဲ့လှမ်းပတ်လိုက်တာကြောင့် မှူးထအော်တော့ စက်ကသဘောကျစွာရယ်သည်။
"တွေ့မယ် နင် မိလို့ကတော့"
မှူးပါရေထဲဆင်းသွားပြီး စက်ကို လိုက်ဖမ်းသည်။
မှူးရေကူးတာက စက်ထက်ပိုပြီးမြန်တာကြောင့် အချိန်ခဏလေးအတွင်းမှာ စက်ကို မိသွားသည်။မှူးကစက်ကို နောက်ကနေဖက်ထားလျက်ရှိပြီး စက်ကတော့လွှတ်ပေးဖို့ အတင်းရုန်းနေသည်။
"လွှတ်နော် ငါရေကူးဦးမယ်"
"မရပါဘူး စတုန်းကစပြီးတော့ လွှတ်ပေးလို့ရမလား"
"ထပ်ပီးမစတော့ဘူး"
"တစ်ကယ်လား."
"အင်း"
စက်အတည်ပြောတယ်ထင်ပြီး မှူးကလွှတ်ပေးလိုက်ပေမဲ့ စက်ကရေပြန်ကူးနေသည်။ သူလည်း ဘောင်ပေါ်မှာ ပြန်ထိုင်လိုက်သည်။
ရေကူးနေရင်းမှ စက်ပြန်ပေါ်မလာဘဲ ယှက်ကန်ယှက်ကန်နဲ့ ပေါ်လိုက်နစ်လိုက်ဖြစ်နေတာကြောင့် စက်တစ်ခုခုဖြစ်တယ်ထင်ပြီး စက်နားကို လျှင်မြန်စွာသွားကာ...
ခန္ဓာကိုယ်ကိုခါးထက်ကနေပွေ့ချီလိုက်တော့ စက်ရဲ့ခြေထောက်တွေမှူးရဲ့ခါးကို ထိန်းကာ တင်လိုက်သည်။ စက်ရဲ့လက်ကလည်း မှူးရဲ့လည်ပင်းကို သိုင်းဖက်လျက်သား...
"ကြည့် အညာမိသွားပြန်ပြီ...."
စက်ရဲ့အပြုအမူကြောင့် မှူးမျက်နှာတည်သွားကာ...
VOCÊ ESTÁ LENDO
ဆုံစည်းခွင့်ရှိရင်/ဆုံစည္းခြင့္ရွိရင္(Unicode+Zawgyi)[Completed]