Final Part-Part(15)

4.1K 50 4
                                    

Unicode+ Zawgyi

🌸ဆုံစည်းခွင့်ရှိရင်🌸

   ❤️အပိုင်း(၁၅)❤️

  ❤️ဇာတ်သိမ်းပိုင်း❤️

~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~

နိုင်ငံနဲ့ယူမီကို ထားခဲ့ပြီး သူတို့သုံးယောက် ပြန်လာခဲ့ကြသည်...အပြန်လမ်းမှာ စက်က မှူးနဲ့ရှေ့ခန်းမှာ မထိုင်ဘဲ နောက်ခန်းမှာ လေးနဲ့ထိုင်ကာစကားတွေတစ်သီကြီးပြောနေကြတာ...သူ့ကို ရှိတယ်လို့ပင်မထင်။

စက်က လေးရောက်လာကတည်းက သူ့ကိုအရေးမလုပ်တော့တာ။

"မမ..."

"အင်း လေး...."

"လေးလည်းကြီးလာရင် မမလို ဖြစ်ချင်တယ်...."

"ဟင် ဘာလို့လဲ..."

"မမကအမြဲရီနေတာလေ....လေးလည်း အမြဲတမ်းအဲ့လိုနေမှာ...."

"အင်း ဟုတ်ပီ....လေးစိတ်ကြိုက်လုပ်...."

"လေး ဖိုးဖိုးဆီ သွားချင်တယ်..."

"အင်း မမအားရင်လိုက်ပို့ပေးမယ်...."

"တစ်ကယ်နော်..."

"အင်း..."

"ကိုကိုလည်း လိုက်ခဲ့ရမယ်နော်...."

လေးက မှူးကိုလှမ်းပြောပေမဲ့ မှူးက ဘာစကားမှပြန်‌မပြောတော့ စက်နဲ့လေး တစ်ယောက်နဲ့တစ်ယောက်ပြိုင်တူကြည့်မိလိုက်ကြသည်။

"နင်နေခဲ့..."

"ဟင် ဘယ်ဖြစ်မလဲ လေးတစ်ယောက်တည်း မာမီနိုင်းကလည်း မရှိဘူး...."

"မရဘူးကွာ ငါစိတ်ဆိုးနေတာနော်"

"မှူး နင်ကလေ ကလေးကြီးကျနေတာပဲ...နေခဲ့ပြီးတော့ ဘာလုပ်ရမှာလဲ...."

"ငါ့အိမ်လိုက်ခဲ့...."

"ဘာရယ်....မှူးနော် နင်တစ်ယောက်တည်းရှိတဲ့အိမ်ကို ငါလိုက်စရာလား..."

"တော်ပြီ...နင်က ငါ့ကို လက်စားချေနေတာ
ငါ့အပေါ် နင်အနိုင်ကျင့်နေတာ အင်းပေါ့လေ နင်က ငါ့ကိုမှမချစ်တော့တာ"

"အဲ့လိုမဟုတ်ပါဘူး..."

"ဒါဆို ဘာလို့ငါ့ကို အရင်လို ဂရုမစိုက်တော့တာလဲ အမြဲတမ်းလေးနဲ့ယူမီပဲ နင့်စိတ်ထဲမှာရှိတာ
ငါကအရေးမှမပါတော့တာ "

ဆုံစည်းခွင့်ရှိရင်/ဆုံစည်းခွင့်ရှိရင်(Unicode+Zawgyi)[Completed]Onde histórias criam vida. Descubra agora