Part(11)

1.1K 36 2
                                    

Unicode+Zawgyi

မနေ့ညက တယ်လီနော် လိုင်းဖြတ်သွားလို့မတင်ဖြစ်တာပါ❤️

🌸ဆုံစည်းခွင့်ရှိရင်🌸

   ❤️အပိုင်း(၁၁)❤️

~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~🌸~

"ကိုကြီး "

"ဟင် မှူး "

နိုင်ငံဆ်ီကို မှူးရောက်လာတော့ မှူးရဲ့ကိုယ်ပေါ်မှာ ဒဏ်ရာဒဏ်ချက်တွေနဲ့...ခန္ဓာကိုယ်က ယိုင်တိုင်တိုင်ဖြစ်နေသည်။

"ဘာဖြစ်တာလဲ"

"ကား...ကားတိုက်မိတာ....ဘာမဖြစ်ဘူး....စက်...စက်...မရှိတော့ဘူး...စက်"

"ဘာ"

"ဘုန်း"

"ဟာ မှူး"

ပါးစပ်ကနေ စက်နာမည်ကိုပဲခေါ်နေပြီး ဘယ်လောက်တောင် ကားကိုမြန်မြန်မောင်းသည်မသိ ကားတိုက်မိလာသည်။

ဒီလောက် ဒဏ်ရာရနေတာကို စက်ကိုလိုက်ရှာနေသေးတဲ့မှူးကို ကြည့်ပြီး နိုင်ငံစိတ်မကောင်းပါ။

"ဟင် မှူး....ဘာဖြစ်တာလဲ...ဒဏ်ရာတွေနဲ့...."

တိုက်ဆိုင်စွာနဲ့ ယူမီက ရောက်လာပြီး မှူးကိုတွေ့သွားသည်။

"ကားတိုက်မိတာ...ဆေးရုံပို့ရအောင် မာမီကိုနောက်မှ ပြောရအောင်"

"ဪ အင်း...."

ယူမီလည်း နိုင်ငံပြောတဲ့အတိုင်း လိုက်လုပ်လိုက်သည်။
သူမစဉ်းစားမိတာက နိုင်ငံက မာမီကိုမုန်းနေပေမဲ့ ဘာလို့ မှူးကိုကျ ဂရုစိုက်တာလဲ....?

ဒဏ်ရာကများပေမဲ့ ကြီးကြီးမားမားမဖြစ်တာကြောင့် တော်သေးသည်ပြောရမည်။

မနက်ဖြန်လက်ထပ်တော့မဲ့ သူက ခရီးသွားရာကနေရုတ်တရက် ပြန်ရောက်လာပြီး ဒဏ်ရာတွေနဲ့ဆေးရုံရောက်နေသည်။

"ကိုနိုင်ငံ "

"ဗျာ ဟင်"

"ကျွန်မသိချင်တာ မာမီကို မုန်းတယ်ဆို ဘာလို့မှူးကို ဒီတိုင်းထားတာလဲ မာမီရဲ့အားနည်းချက်က မှူးမဟုတ်ဘူးလား"

"မှူးကို မမုန်းပါဘူး....မာမီနဲ့သူနဲ့တူမှမတူတာ ပြီးတော့ မာမီရဲ့အားနည်းချက်က မှူးမဟုတ်ဘူး မာမီက မာနနဲ့ဂုဏ်သိက္ခာအတွက်ဆို ဘာမဆို ချကျွေးမဲ့သူဘဲ မှူးဒယ်ဒီကိုတောင် ဥပေက္ခာပြုတဲ့သူပါ"

ဆုံစည်းခွင့်ရှိရင်/ဆုံစည်းခွင့်ရှိရင်(Unicode+Zawgyi)[Completed]Onde histórias criam vida. Descubra agora