Chapter 3

193 58 0
                                    

Unicode Version

နွေရာသီ​၏ ညချမ်းက အပူဒဏ်ကဲသည့် နေ့အချိန်နှင့်မတူ ဖြည်းညင်းစွာ တိုက်ခတ်နေသည့် လေအေးလေးကြောင့် လန်းဆန်းလတ်ဆတ်စေသည် ။ မျက်စိတဆုံး မြင်နေရသည့် ကိုင်းပင်များကား လေနှင်ရာ ယိမ်းထိုးလို့နေ​၏ ။ မီယာမုရာ ခြေလှမ်းတွေက ကိုင်းတောဆီကို အလိုလိုလျှောက်သွားနေမိသည် ။ ကိုင်းပင်တွေကို ဖယ်ရင်း ဖယ်ရင်း ။ တရွေ့ရွေ့ရှေ့ဆက် တိုးရင်း တိုးရင်း သွားနေမိသည့် သူ​၏ ခြေလှမ်းတွေက အိပ်မက်မက်နေသူပမာ ။

သူဘယ်ကိုသွားနေတာလဲ... ။

ဒီကိုင်းတောက ဘယ်နေရာလဲ... ။

ဒါဘယ်နေရာများလဲ... ။

မကြာခင်မှာပဲ သူ့ခြေလှမ်းတွေဟာ တုံ့ခနဲ ရပ်တန့်သွားတော့သည် ။ သူ့ရဲ့ ရှေ့တည့်တည့်မှာ ကျောပေးပြီး ရပ်နေသည့် လူတစ်ယောက် ။ တိတိကျကျ ပြောရမည်ဆိုရင် အမျိုးသမီးတစ်ယောက် ။ ထိုအမျိုးသမီးက ဘယ်သူများလဲ ။ သူက ဘာလို့ ဒီကိုင်းတောရဲ့ အလယ်မှာ ရပ်နေရတာလဲ ။ ထိုထိုသော မေးခွန်းများစွာကို မေးရန် ရုတ်တရက် မီယာမုရာမှာ အသံတွေ ပျောက်ဆုံးနေခဲ့သည် ။

ဘာလို့လဲ ။

သူ​၏ပါးစပ်ကို ဟဖို့ ကြိုးစားပေမယ့် နှုတ်ခမ်းတွေက တင်းတင်း စေ့ပိတ်ထား​၏ ။

ဘာလို့လဲ ။

သူ​၏ ခြေထောက်များကလည်း သူ့စကားနားမထောင်တော့ ။ နောက်ကို ပြန်လှည့်ဖို့ရာ ငြင်းဆန်ပြီး နေရာတင် ကျောက်ချရပ်နေလေသည် ။

ဘာလို့လဲ ။

ဘာလို့လဲ ။

မီယာမုရာ​၏ ခေါင်းထဲတွင် မသိစိတ်က အခြေအနေဟာ အရမ်းအန္တရာယ်များလာပြီဟု အချက်ပေးခေါင်းလောင်းတီးနေခဲ့ပေမယ့် သူ​၏ကိုယ်ခန္ဓာက တုတ်တုတ်မျှ မလှုပ်ချေ ။ လှုပ်အောင်လည်း သူကိုယ်တိုင် မစွမ်းဆောင်နိုင်တော့ ။ သူ့ကိုယ်ကို သူမပိုင် ။ မထိန်းချုပ်နိုင် ။ ဘယ်လိုဖြစ်သွားခဲ့ရတာလဲ ။

မီယာမုရာ ချွေးစေးတွေ ပြန်လာခဲ့ရသည် ။ တဖြည်းဖြည်း သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းလာပြီး လှုပ်ဖို့ ပိုကြိုးစားလေလေ အကြောအချဉ်များအားလုံး တုံ့ဆိုင်းနေသည့်အလား ဖြစ်လာလေလေပင် ။

Because of youWhere stories live. Discover now