Chapter 5

203 53 0
                                        

Unicode Version

အိမ်ခန်းအပြင်ဘက်ဆီက ကြက်ဥလိပ်ကြော်ရနံ့ ထုံးစံအတိုင်း ပျံ့လွင့်လာတော့မှ မနက်မိုးလင်းပြီမှန်း မီယာမုရာ သတိထားမိတော့သည် ။ သူတစ်ညလုံး မအိပ်ဖြစ်ခဲ့သည်ပဲ ။ မနေ့ညနေက ထူးဆန်းသည့် ခံစားချက်တချို့နှင့်အတူ ထူးဆန်းစွာ စာထိုင်ရေးဖြစ်ခဲ့ပြီး ပြီးခဲ့သည့် ရက်က ရှေ့ဆက်မတက်ဘဲ တန့်ရပ်နေခဲ့သည့် ဝတ္ထုက တစ်ဝက်လောက် ပြီးသွားခဲ့လေသည် ။

မီယာမုရာ အညောင်းဆန့်ရင်း အိမ်ရှေ့ထွက်ဖို့ တံခါးဆီ လက်လှမ်းလိုက်ပြီးမှ ပြန်ရုတ်လိုက်မိပြန်သည် ။

ဘာကြောင့်မှန်းမသိ အိမ်ရှေ့က ကုလားအုတ်ပေါက်ကို မျက်နှာချင်းဆိုင်ရမှာ စိတ်ထဲ မလုံသလိုလို ။

ဒါပေမယ့် သူဘာကြောင့် သည်လို ဖြစ်နေရတာလဲ ?

ဒါ ငါ့အိမ်ပဲ ငါ့အိမ်ထဲ ငါ့ဟာငါ ရှေ့ထွက်ချင်ထွက်မှာပေါ့ ဘာအခန်းထဲ ပိတ်နေစရာရှိတုန်း ?

မီယာမုရာ ထိုးတံခါးကို ဆတ်ခနဲ တွန်းဖွင့်လိုက်ပြီး အခန်းထဲက ကမူးရှူးထိုး အထွက် ...

" အ..."

" ......."

သူဝင်တိုးမိသည်က ကျယ်ပြန့်သည့် ရင်ခွင်တစ်ခု ။

" အာ... sorry ဆဲန်းဆဲ .. ကျွန်တော်က ဆဲန်းဆဲကို မနက်စာ စားလို့ရပြီလို့ လာပြောတာ.. နာ.. နာသွားလား ? ဥုံဖွ ဥုံဖွ ..."

ထို့နောက် ကြင်နာသည့် လေသံနှင့်အတူ နဖူးပေါ် အသာအယာ ကျရောက်လာခဲ့သည့် လက်ဖဝါးတစ်ဖက် ။

နွေးသည် ။

ဟင် ... ဒါပေမယ့် သူဘာလို့ သည်လိုတွေ ခံစားနေရတာလဲ ?

ထိုအတွေးနှင့်အတူ မီယာမုရာ၏ တုံ့ပြန်မှုက မြန်လွန်း၏ ။

" ရှေ့ကဖယ် !"

"....."

သူ၏ လက်တစ်ဖက်ကို ဖတ်ခနဲ ရိုက်ချ ဖယ်ရှားပြီး တွန်းဖယ်ကာ ရေချိုးခန်းရှိရာဆီ ခြေလှမ်းကျဲကျဲတွေနှင့် ထွက်သွားသော စာရေးဆရာ၏ ကျောပြင်ကို ကြည့်ရင်း တကုမိ ရင်ထဲ ကျဉ်သွားမိသည် ။

ထိုလူ ပိုမုန်းအောင်များ သူလုပ်မိပြန်ပြီလား ?

အချစ်ခံရဖို့ မမျှော်လင့်ပေမယ့် သူ့ဆီက အမုန်းတွေတော့ တကုမိ မလိုချင်ပေ ။ သည့်အတွက် သူဆုံးဖြတ်ချက် တစ်ခုတော့ ချရမည်ဖြစ်သည် ။

Because of youOù les histoires vivent. Découvrez maintenant