Part-3(Uni+Zawgyi)

420 51 1
                                        

"Hello , ဘယ်သူလဲမသိဘူး"

"Yoongi ငါလေ"

"ဟင် ဘယ်သူကြီးလဲငါဆိုတာ"

"Isabella David ပါရှင် ငါ့ကိုမေ့တောင်နေပြီလားကျေးဇူးရှင်"

"အာ...bella"

"ဟုတ်တယ် ငါ bella,နင့်ကိုလေ မခေါ်ဘူးသိလား ငါ့ကိုတောင်မမှတ်မိတာရယ် ကနေဒါရောက်တာတောင် ကျောင်းကိုအရင်မလာဘဲ Québec သွားတာရယ်ပေါင်းပြီး"

"Sorry ပါဟာ ဒါနဲ့ နင်ငါ့ဖုန်းနံပါတ်ဘယ်ကရလည်း"

"ကျောင်းကနေစုံစမ်းလိုက်တာ နင်ဘယ်တော့မှဒီလာမှာလဲ"

"နောက်တစ်ပတ်လောက်မှ လာဖြစ်မယ်"

"ကြာဦးမှာပဲ ငါQuébec ကိုလာခဲ့မယ် ငါလည်းမရောက်တာကြာလို့"

"အင်းသဘောလေ"

Isabella ဆိုတာကျွန်တော့်ရဲ့ သူငယ်ချင်းအနည်းအကျဉ်းထဲကတစ်ယောက်ပါ၊သူကKorean-Canadian လေ၊
မူလတန်းကနေအထက်တန်းထိSeoul မှာကျောင်းတူတူတက်ပြီး တက္ကသိုလ်ကိုတော့အစတည်းကဒီမှာလာတက်တာ၊ သူလည်း masterအတွက်ဒီကိုလာမယ်ဆိုတာတော့ လှမ်းပြောထားသည်။ဘယ်ရက်လာမယ်ဆိုတာတော့မပြောမိပေ၊ဒီသူငယ်ချင်းမ ဘယ်ကနေဘယ်လိုသိလာလဲဆိုတာတော့ရောက်တော့မှမေးရမည်။

ဒါနဲ့ Jimin,ကောင်လေးရောအဆင်ပြေရဲ့လားမသိ၊
ဟိုဖုန်းပြောပြီးတစ်ညတည်းက အခုထိအဆက်သွယ်မရှိ သူတနေ့ကဖုန်းဆက်ကြည့်တော့လည်းမကိုင်မတွေ့ရတဲ့ ၃ရက်လောက်အတွင်းကောင်လေးကိုတွေ့ချင်လှပါသည်။
ဒါလူတွေပြောတဲ့လွမ်းတယ်ဆိုတာမျိုးလား...။

ဒီရက်ပိုင်းJiminစိတ်အခြေအနေလုံးဝအဆင်မပြေလှပါ၊လက်ထပ်ရမယ်ဆိုတဲ့စကားကြားပြီးကတည်းကတမှိုင်မှိုင်တတွေတွေ နဲ့အစားလည်းပုံမှန်မစား၊ညဘက်တွေလည်းအိပ်မပျော်ပါ။

ဒေါက်ဒေါက်
"Jimin အစားလာစားစမ်းပါ"

"..."

"အရူးထမနေစမ်းနဲ့ Jimin အခန်းထဲကထွက်ခဲ့"

"အင်း...ငါလာခဲ့မှာမလို့ သွားတော့"
Jiminတစ်ယောက် Justin ရော mamanနဲ့ပါ မျက်နှာချင်းမဆိုင်ချင်တာကြောင့်အပြင်သွားဖို့သာပြင်ဆင်လိုက်သည်။
အပြင်သွားပြီး Minနဲ့တွေ့ရရင်စိတ်အခြေအနေနည်းနည်းအဆင်ပြေသွားမလား...။
ဟိုနေ့ည Minဖုန်းဆက်တာ သိလိုက်ပေမယ့်မကိုင်ဖြစ် စကားတွေပြောဖို့တကယ်အားမရှိခဲ့လို့ပါMinရယ်...။

Monsoon(Eden Contest)Where stories live. Discover now