"Min ထီးလည်းမဆောင်းဘဲဘာလို့ထွက်လာတာလဲ"
နောက်မှကြားလိုက်ရသောစကားသံကြောင့်လှည့်ကြည့်တော့ ချစ်လှစွာသောသူ၏ ချစ်သဲငယ်။
"အို....Minမျက်ရည်တွေနဲ့"
"Jimin ရယ် ဘယ်ထွက်သွားရတာလဲ ကိုယ်မှာတော့စိတ်ပူလိုက်ရတာ"
"အာ...မမbellaက Kimchi လုပ်ထားတယ်လာယူလှည့်ဆိုပြီး message ပို့လို့သွားတာ Min စာလုပ်နေတာနဲ့မပြောပဲထွက်လာမိတာ မဟုတ်မှလွဲရောကားတိုက်မိတာကျွန်တော်လို့ထင်နေတာလား"
Yoongi ခမျာစကားပင်မဆိုနိုင်ပဲ Jimin ကိုဆွဲဖက်လိုက်သည်။
"ကိုယ်လည်းသဲငယ်မရှိရင်သေမှာသိလား ခုနကဆိုဘာလုပ်ရမှန်းတောင်မသိဘူး"
ကားတိုက်ခံရတဲ့ကောင်လေးကိုဆေးရုံကားလာခေါ်သွားပြီး လူအုပ်လည်းရှင်းသွားသည်။ နောက်ပြီးမိုးရွာကြီးထဲနှစ်ယောက်သားလမ်းလျှောက်ပြန်ခဲ့ကြသည်။
"Montreal ကိုလေ မကြိုက်ပေမယ့် Minရှိနေလို့သဘောကျတယ်"
"ဘာလို့မကြိုက်ရတာတုန်း"
"ကားရှုပ်ရှုပ်လူရှုပ်ရှုပ်တွေနဲ့ maple ရွက်ဆိုတာလည်းရှိတယ်ဆိုရုံလေးပဲ ကျွန်တော်ကတော့Québec ပဲသဘောကျတယ် နောက်ပြီးကျွန်တော်တို့စတွေ့တဲ့မြို့မဟုတ်လား"
"ကိုယ်ရောပဲ Québec ကိုပိုသဘောကျပါတယ် ဟိုကော်ဖီဆိုင်လေးကိုလည်းသွားချင်တယ်"
"အင်း ဒီတစ်ခေါက်ပြန်ရင်အကုန်လုပ်ရအောင် မြင်လှည်းလည်းစီးကြမယ် ဒါနဲ့Minအိမ်ကဖုန်းဆက်သေးလား"
"မနက်ကတော့မေမေဖုန်းဆက်တယ် သူ့သားမက်လေးကိုတွေ့ချင်လို့တဲ့ Korea ကိုခေါ်ခဲ့ပါဦးတဲ့လေ"
"အင်း အမေနဲ့ video call မပြောဖြစ်တာတောင်ကြာပြီမဟုတ်လား"
"အင်း နက်ဖြန်ညကျခေါ်လိုက်မယ်လေ အခုလောက်ဆို မေမေကျောင်းရောက်နေလောက်ပြီ"
နှစ်ယောက်သားစကားတပြောပြောနဲ့လမ်းလျှောက်ရင်းအိမ်ပြန်ရောက်လာသည်။
လေးနှစ်ကြာသော်...
Jimin ကျောင်းပြီးတာနဲ့ Yoongi လက်ထပ်လိုက်ကြသည်။လက်ပွဲကိုတော့ Québecမှာပဲလုပ်ဖြစ်သည် သဲငယ်စိတ်တိုင်းကျ...။
ကိုရီးယားက Minမိသားစုတွေရော Mamanနဲ့Justin ရယ် မမBella ရယ်နဲ့ Minသူငယ်ချင်းအချို့ မင်္ဂလာပွဲကသိပ်မကြီးကျယ်ပေမယ့် ကိုယ့်အတွက်တော့အဖိုးမဖြတ်နိုင်။
ပျော်လွန်း၍မျက်ရည်ပင်ဝဲရသည်။
Minကသူဘဝအတွက်အကောင်းဆုံးလူသားပဲ။
Minကဘာနဲ့တူလဲဆိုတော့ အနောက်တောင်မုတ်သုံလေလိုပဲ ကျွန်တော်ဘဝကိုအေးချမ်းမှုအပြည့်ပေးနိုင်သည်။
နွေပူပူကို မိုးလေလေအေးအေးကအနိုင်ယူလိုက်သလိုပဲ Minနဲ့တွေ့တာ သူ့ရဲ့စိုးရိမ်ပူပန်ကြောင့်ကြမှုတွေအကုန်ပြီးဆုံးသွားတယ်။
ချစ်တယ်Minရယ် အသက်တမျှပဲ...။
YOU ARE READING
Monsoon(Eden Contest)
FanfictionMinနှင့် သူ၏ချစ်သဲငယ် Minနဲ့သူ၏ချစ်သဲငယ် Yoonmin by Niorun na