Part-1(Uni+Zawgyi)

884 59 0
                                    

Québec city,Canada
(ကွေ့ဘဲက်မြို့၊ကနေဒါ)

မိုးမတိုင်ခင်လေဆင်၍ အနောက်မြောက်မုတ်သုံးလေကခပ်ကြမ်းကြမ်းတိုက်ခတ်လာသည်။
ထို့နောက်မိုးစက်မိုးပေါက်များဖြေးဖြေးချင်းမြေသို့သက်ဆင်းလာ၏။
မိုးပြေးဖွဲဖွဲလေးပြီးတာနဲ့သည်းသည်းမဲမဲရွာချတဲ့မိုး...။
ဘယ်ချိန်ထဲကရွာချင်နေတာပါလိမ့်...။

ည၁၀နာရီ ဝန်းကျင်လောက်ကော်ဖီဆိုင်မှာထိုင်နေတဲ့ Yoongi တစ်ယောက် ရုတ်တရက်ရွာချလာတဲ့မိုးကိုကြည့်ရင်း သဘောတကျနဲ့ပြုံးလိုက်မိသည်။

"မိုးရွာလာပြီပဲ..."

ဒီနှစ်ရဲ့မိုးဦးဖြစ်တာကြောင့် ခပ်သင်းသင်းမြေသင်းနံ့လေးကလည်းအသာအယာထွက်ပေါ်လာသည်။
သူမိုးရွာတဲ့အချိန်တွေကိုသဘောကျပါသည်။
လူသွားများလမ်းမတွေဟာ မိုးရွာတဲ့အချိန်ဆို လူကိုရှင်းလို့...။
အဲ့အချက်ကြောင့်သူမိုးကိုချစ်တာ လူရှုပ်ရှုပ်ကားရှုပ်ရှုပ်ဆူဆူညံညံတွေကိုသူမုန်းသည်လေ...။
တစ်ခုခုကိုမုန်းတာကြောင့်တစ်စုံတရာကိုသဘောကျသွားတာကတော့နည်းနည်းကလေးဆန်တယ်မဟုတ်လား...။

ကောင်လေးတစ်ယောက်မိုးရေထဲမှာထီးမပါပဲတရွေ့ရွေ့နဲ့လမ်းလျှောက်လာသည်။သူပုံစံက လမ်းလျှောက်နေတာထက်အိပ်မက်ထဲကလွင့်မျောလာတဲ့လူတစ်ယောက်လို...။

Yoongi တစ်ယောက်ရှေ့ကကော်ဖီခွက်ကိုတစ်ငုံလောက်သောက်ပြီး ဆိုင်အပြင်ဘက်ကိုငေးကြည့်တော့
သည်းသည်းမဲမဲ ရွာနေတဲ့မိုးရေတွေကြားကတဖြေးဖြေးရွေ့နေတဲ့ ဝါနုနုအရာလေး...။
မျက်စိတဆုံးလိုက်ကြည့်မိတော့ မိုးခြိမ်းသံတစ်ခုနောက်မှာပြိုလဲသွားတဲ့အသွင်သဏ္ဌာန်လေး...။
ထီးတစ်ခုကိုဆွဲယူရင်း ထိုအရာလေးဆီကိုအပြေးထွက်သွားမိသည်။

လဲကျနေတဲ့ကောင်လေးကိုအနီးကပ်မြင်ကတော့မှ Yoongi တစ်ယောက်နည်းနည်းသတိလွတ်ပြီး စိုက်ကြည့်နေမိတယ်။
အဝါရောင်ဖျော့ဖျော့ဆွယ်တာလေးကမိုးရေရွှဲရွှဲစိုပြီး ဖြူအုနေတဲ့အသားနဲ့ကပ်နေသည်။ပါးဖောင်းဖောင်းနဲ့မျက်တောင်စိပ်စိပ်လေးတွေ၊နောက်ပြီးနှုတ်ခမ်းဖူးဖူးလေးကတော့ ဖြူဖျော့လို့...။
အရုပ်လေးကြိုးပျက်သွားတဲ့အတိုင်းပဲ...။

Monsoon(Eden Contest)Where stories live. Discover now