Part-4(Uni+Zawgyi)

376 47 4
                                    

Minက ဒီတစ်ညဆေးရုံမှာနေဖို့ပြောသည်။သူတစ်ယောက်တည်းနေရမယ်ဆိုရင်တော့အသည်းအသန်ငြင်းမိမှာ Minကစောင့်ပေးမယ်တဲ့လေ။
Minကသူ့ကိုသိပ်ဂရုစိုက်တာပဲ...။

Yoongi တစ်ယောက်hotelကိုခဏပြန်ပြီးလိုအပ်တာတွေသွားယူလိုက်သည်။ ဆေးရုံပြန်ရောက်တော့ ပြတင်းပေါက်ကိုဖွင့်ပြီး မိုးရေတွေကိုလက်နဲ့ခံဆော့နေတဲ့ပျော်နေတဲ့ကောင်လေး။
သူနည်းနည်းကြာကြာလေးရပ်ပြီးနောက်

"အအေး ထပ်မိဦးမယ်လေ Jimin ရယ်"

"Minကလည်းပိုနေပြန်ပြီအဲ့လောက်ကြီးလည်းကျွန်တော့်ကမပျော့ပါဘူး"

"ကဲလာပါ မိုးအေးတယ် ပြတင်းပေါက်ပိတ်လိုက်တော့"

"ဟုတ်" သူဆီဆူပုတ်ပုတ်နဲ့ရောက်လာချလာသည်။

"Min ပုံမှန်ဆို ဒီအချိန်တွေဘာလုပ်လေ့ရှိလဲ"

"ကျောင်းစာတွေ ပြန်ကြည့်တယ် ဒါမှမဟုတ်သီချင်းနားထောင်တယ် ပြီးတော့ ကိုယ်ကစောစောအိပ်တတ်တဲ့သူမျိုး"

"ကျွန်တော်ကတော့စောစောမအိပ်တတ်ပါဘူး တခါတလေညလုံးပေါက် ဂိမ်းဆော့တယ်"

"ဆိုးလိုက်တာ Jimin က"

"ဘာလဲ Minကသဘောမကျဘူးလား" Yoongi ကစလိုက်တာပါ၊ဒါမဲ့ကောင်လေးကတော့ တော်တော်အခြေအနေပျက်သွားသည်။

"ကိုယ်ကစတာပါ Jiminရယ် လာကိုယ့်ဘေးနားလာထိုင်"
Yoongi တစ်ယောက်သူ့နားထောင်နေကြသီချင်းအေးအေးကိုဖွင့်ပြီး Jimin ကိုနားကြပ်တစ်ဖက်တပ်ပေးလိုက်သည်။

"သဘောကျလား"

"အင်း စိတ်ထဲအေးသွားသလိုပဲ နောက်ပြီးMinရှိနေလို့ဖြစ်မယ်"

"ကိုယ်ရှိနေတာဘာဖြစ်လို့လဲ"

"Min ရှိနေရင် လုံခြုံတယ်လို့ခံစားရတယ် အားငယ်နေရတာတွေလည်းမရှိတော့သလိုပဲ ဒါပေမဲ့တစ်ခုတော့စိုးရိမ်တယ် Min စိတ်ပျက်ပြီးထွက်သွားမှာ"

"ကိုယ်ဘယ်တော့မှJimin အနားကထွက်သွားမှာမဟုတ်လို့ မစိုးရိမ်နဲ့နော် ကလေး" ပြောပြီး ခေါင်းလေးကိုပွတ်ပေးလိုက်သည်။

"ဒါနဲ့ Min Montreal ကိုဘယ်တော့သွားမှာလဲ"

"နောက်တစ်ပတ်လောက်ပေါ့ Jimin လည်းကျောင်းတက်ရတော့မှာမလား"

Monsoon(Eden Contest)Where stories live. Discover now