လွန်ခဲ့သည့် (၄)နှစ်...
ဂျုံဆောင်းတို့ နေသည့်အိမ်သည် လမ်းဆုံရှိ နှစ်ထပ်အိမ်လေးကိုမှ အပေါ်ထပ်လေးငှါးနေခြင်းဖြစ်သည်။ အပေါ်ထပ်ဖြစ်တာကတစ်ကြောင်း လမ်းဆုံဖြစ်တာကတစ်ကြောင်း နေ့လည်နေ့ခင်းဆို လမ်းကဖုန်များက အမြဲအလည်လာတတ်၏။ မိုးရာသီဆို ညနေပိုင်း မိုးဖွဲဖွဲကျသည်နှင့် ကြမ်းပြင်တွင် ဖုန်နှင့် မိုး၏အစိုဓာတ်ရောကာ ကပ်စေးကပ်စေးလည်းဖြစ်တတ်သေးသည်။ ထိုသို့ ဖြစ်သည်ကို ဝန်းငယ်ကလုံးဝမကြိုက်သည်မို့ ဂျုံဆောင်းကပဲ မိုးစရွာကတည်းက ဖုန်တွေကိုရသလောက်လိုက်သုတ်ပြီး သန့်ရှင်းရေးလုပ်နေရသည်။
ညနေပိုင်းရောက်နေပြီး စားစရာလဲမရှိသည်မို့ ဝန်းငယ်က ခေါက်ဆွဲထုပ်သွားဝယ်သည်။ ဂျုံဆောင်းကိုတော့ ရေနွေးအိုးတည်ထားဖို့သာမှာထားပင်မဲ့ ဝန်းငယ်မကြိုက်တတ်တဲ့အရာတွေကိုကြိုကာကွယ်နေသည်။ ဝန်းငယ် စိတ်ရှုပ်မှာကို ဂျုံဆောင်းမလိုလားဘူးလေ...
သစ်သားတွေနဲ့ဝန်းရံထားသည့်အိမ်ကလေးကို ရှေးဟောင်းပစ္စည်းအချို့ကလည်း အလှဆင်ထားသည်။ ၁၉၇၀လောက်က ဓာတ်စက်လေးတွေ နာရီစင်တွေက အသက်ပေါ့။ ထိုင်ခုံဆိုလဲ လွန်ခဲ့တဲ့၁၀စုနှစ်လောက်က ဝယ်ခဲ့သည့် ကျွန်းခုံတွေသာ... ဟောင်းလေ အဖိုးတန်လေပေါ့။ ဂျုံဆောင်းသန့်ရှင်းရေးလုပ်ရင်း အံဆွဲထဲကနေ နာရီတစ်ခုတွေ့ခဲ့သည်မို့ သေချာကြည့်နေမိသည်။ "အဖိုးလူပျိုတုန်းကနာရီနဲ့တူတယ်"*ဒုန်း* ဟော..ရောက်လာပြီ။ လူပုစိတ်တိုလေး ဘာတွေဒေါသထွက်လာမှန်းမသိ တံခါးကိုဒုန်းခနဲဖွင့်လိုက်သည်မို့ ဂျုံဆောင်းလဲနာရီကိုအမြန်သိမ်းကာ ဝန်းငယ်ကိုသွားကြိုရတော့သည်။
'ဘယ်နှခုနှစ်ကပစ္စည်းတွေပြန်ကြည့်နေပြန်ပြီလဲ' ဆူပုပ်ပုပ်နဲ့အော်လေပြီ။
"ပစ္စည်းနဲနဲရှင်းနေတာပါဝန်းငယ်ရဲ့"
ဝန်းငယ်လက်ထဲက အထုပ်ကိုဘေးကိုချရင်း သူဝတ်ထားတဲ့ မိုးကာအင်္ကျီကို ကြယ်သီးဖြုတ်ကူပေးရသေးသည်။ မိုးရာသီကိုကြိုက်ပင်မဲ့ မိုးရေစိုတာကိုမကြိုက်တဲ့ ကောင်ငယ်လေးဟာ အင်္ကျီကို ခြေမျက်စိနားထိရှိတာကိုရှာဝယ်လာခဲ့တာလေ။ ကြယ်သီးဆိုတာလဲ ၁၅လုံးလောက်ရှိသည်။ စိတ်မရှည်တတ်တဲ့ဝန်းငယ်ဟာ တစ်လုံးချင်းဖြုတ်မနေဘဲ ဗြန်းခနဲဆွဲဖြုတ်ပစ်တတ်သူမလို့ ဂျုံဆောင်းကိုယ်တိုင် ဖြုတ်ပေးနေရသည်။
'မြန်မြန်ဖြုတ်ပါ ဦးငယ်ရာ ဗိုက်ကဆာနေပြီ...
ရေနွေးပွက်ပြီမလား'
YOU ARE READING
BLUE DREAM {Eden Contest}
Short Storyကိုယ့်နေရပ်လိပ်စာက ဝန်းငယ်နဲ့တူတူတည်ဆောက်ခဲ့တဲ့Blue dreamမှာ... Park Jongseong x Yang JungWon ________________________________ ကိုယ်နေတာက ဝန်းငယ်နဲ့တူတူတည်ဆောက်ခဲ့တဲ့ Blue dreamမှာ Park Jongseong x Yang JungWon