လွန်ခဲ့သော (၂)နှစ်...
လမ်းဆုံမှာရှိနေတဲ့အိမ်ရဲ့အပြင်ဘက်မှာ ဂျုံဆောင်းထီးဆောင်းရင်း မတ်တပ်ရပ်စောင့်နေမိသည်။ မိုးစိုမှာ မကြိုက်တဲ့ကလေးငယ်က မိုးကာရောထီးရောမပါဘဲ အပြင်ထွက်သွားခဲ့တာမလို့ လက်တစ်ဖက်ကလည်း မိုးကာအင်္ကျီလေးကိုပွေ့ထားရသည်။ ညဆိုသည်မှာလည်း ၁၁လောက်ရှိနေပြီမလို့ ပတ်ဝန်းကျင်မှာ
လည်းမှောင်မဲပြီး မိုးသံကလွဲ ဘာမှမရှိ။"ဝန်းငယ် ပြန်မလာသေးဘူးလား"
ပို့လိုက်တဲ့ message လေးက ၅မိနစ်လောက်ကြာမှ seenဖြစ်လာသည်။ သို့သော်လဲချက်ချင်းစာပြန်မလာသေးဘဲ ခဏကြာမှ 'မိုးရွာနေတယ်လေ'ဆိုတဲ့စာလေးရောက်လာခဲ့သည်။"ဒါပင်မဲ့ ၁၁နာရီကျော်နေပြီလေ
ကိုယ်လာခေါ်မယ် မြေပုံပို့ပေး"ခုတလော ဝန်းငယ်ခြေလှမ်းတွေပျက်နေသည်ကိုဂျုံဆောင်းသတိထားမိသည်။ ရင်ထဲမှာလဲ အပြောင်းအလဲမြန်တဲ့ဝန်းငယ် မချစ်တော့မှာကို တွေးရင်ရူးမတက်ပူလောင်ရသည်။
'မလာနဲ့ ခဏ နေပြန်လာမယ်'
ခဏနေ? ဘယ်လောက်ကြာမယ်မှန်းမသိပင်မဲ့ ဂျုံဆောင်းမိုးရေထဲထိုင်စောင့်နေမိသည်။ ရာသီဥတုက မျက်နှာသာပေးသည်လားတော့မသိ မိုးနဲနဲဆဲပြီးတဲ့ တော်တော်အကြာမှာ မလှမ်းမကမ်းသို့ ကားတစ်စီး၏ မီးရောင်ကထိုးလာသည်။ ဂျုံဆောင်း သေချာအာရုံစိုက်ကြည့်မိတဲ့အခါ ကားထဲကဆင်းလာတဲ့ကိုယ်ငယ်လေး သေချာပေါက်ဝန်းငယ်ဖြစ်နေသည်မို့ အမြန်ပြေးလွှားပြီးထီးမိုးပေးလိုက်မိသည်။ မထင်မှတ်ထားတဲ့ဝန်းငယ်က အံ့သြသွားသည့်ပုံ။
'စောင့်နေတာလား?' သဘောတကျမေးတဲ့လေသံမဟုတ်တာကြောင့် ဂျုံဆောင်းပြုံးရင်းသာခေါင်းရမ်းပြလိုက်မိသည်။ ၃နာရီလောက်ထိုင်စောင့်ခဲ့ရပင်မဲ့ပေါ့။ ထီးကိုသူ့လက်ထဲပေးပြီး မိုးကာဆောင်းပေးဖို့ပြင်တဲ့အခါ ဂျုံဆောင်းကိုသာ လုံအောင်မိုးလာတဲ့ထီးကြောင့် ပြန်ကြည့်မိလိုက်သည်။
"မိုးစိုကုန်မယ်လေဝန်းငယ်" အလန့်တကြားလက်ထဲက မိုးကာကို ခြုံပေးမယ်လုပ်တော့ပုတ်ချလာပြီး ထီးကိုလဲဂျုံဆောင်းလက်ထဲထည့်လာ၏။ 'မိုး ရေ ချိုး မ လို့' ထိုစကားပြောပြီး မိုးကာမပါဘဲ အစိုခံထွက်သွားတဲ့ဝန်းငယ်ကြောင့် ဂျုံဆောင်း စိတ်လေးသွားမိသည်။ သို့သော်လည်း ချစ်ရသူမလို့ အပြေးလေးထီးမိုးပေးရင်း "ကိုယ့်ကို စိတ်ဆိုးသွားတာလား"ဆိုတာသာ ပေါ့ပါးအောင်ပြောလိုက်မိသည်။ ရင်ထဲမှာတော့မပေါ့ပါး... ဝန်းငယ်ရဲ့ပုံစံက တကယ်ကိုစိတ်ကုန်နေမှန်းခံစားမိစေသည်။ 'ဟမ်...မဟုတ်ပါဘူး ဒီတိုင်း မိုးစက်တွေကို ချစ်မိသွားလို့ တချို့သော အချစ်တွေကိုကျတော့ ရိုးသွားပြီမလို့လေ ' မဲ့ပြုံးနဲ့ပြောလာတဲ့ ဝန်းငယ်ကြောင့် ဂျုံဆောင်း ပြောစရာပျောက်ရှခဲ့သည်။ နားကြားမှားတာမလား? "အာ...ဝန်းငယ်တကယ်စိတ်ဆိုးနေတာပဲ" ဝန်းငယ်ကို ထီးသေချာမိုးပေးရင် ကိုယ်ကိုယ်ကို မိုးစိုခံလိုက်သည်။ မသိသာလောက်ဘူးမလား? မျက်ရည်ကျမိတာမလို့ မိုးရေနဲ့အတူ ဖုံးနိုင်သွားမှာလေ။ အပြုံးကိုလဲဆင်ထားပြီမလို့ ငိုနေတာကို ဝန်းငယ် မရိပ်မိလောက်ဘူးမလား?
YOU ARE READING
BLUE DREAM {Eden Contest}
Historia Cortaကိုယ့်နေရပ်လိပ်စာက ဝန်းငယ်နဲ့တူတူတည်ဆောက်ခဲ့တဲ့Blue dreamမှာ... Park Jongseong x Yang JungWon ________________________________ ကိုယ်နေတာက ဝန်းငယ်နဲ့တူတူတည်ဆောက်ခဲ့တဲ့ Blue dreamမှာ Park Jongseong x Yang JungWon