လင်းနေတဲ့ရာသီဥတုက ချက်ချင်းဆိုသလိုအုံ့မှိုင်းလာ၏။ တောက်ပနေတဲ့ နေမင်းကြီးကို တိမ်မဲတွေဖုံးလာသည်နှင့် တပြိုင်နက် ပတ်ဝန်းကျင်ဆိုသည်မှာလဲ လွမ်းဆွေးဆွေးဖြစ်လာသည်။ မကြာပါ ဖျောက်ဖျောက်ဖျောက်ဆိုတဲ့အသံနှင့်အတူ မိုးပေါက်စသေးသေးလေးတွေက ခုံပေါက်ဆင်းသက်လာလေတော့သည်။ ထွက်သစ်စအဖူးအရွက်တွေပေါ်တွင် တင်ကျန်နေသည့် မိုးစလေးတွေက အစိမ်းနုရောင်အရွက်လေး၏အရောင်ကို ပိုမိုပေါ်လွင်စေသည်။ အပြာရင့်ရောင်ကိုမှ မီးခိုးရောင်ဖုံးအုပ်ထားသလို ပြာမှိုင်းမှိုင်းပတ်ဝန်းကျင်သည် အစိမ်းနုရောင် သစ်ပင်တို့နဲ့လိုက်ဖက်လွန်းလှပြီး ပန်းချီကားတစ်ချပ်နှယ်ရှိ၏။
လက်ဝယ်ရထားခဲ့သည်မှာ ၅နှစ်ကျော်ရှိပြီဖြစ်သည့် မိုးပြာနုရောင်ထီးလေးကိုဆောင်းရင်း မိုးပေါက်တွေကြား ဖြတ်သန်းမိ၏။ အချိန်တွေဟာဘယ်လိုပဲပြောင်းနေပါစေ ကိုယ်ကတော့ အပြာရောင်အိပ်မက်ဆိုတဲ့ အတိတ်မှာပိတ်မိနေတုန်းပါပဲဝန်းငယ်...
...............................................
လွန်ခဲ့သော (၅)နှစ်ခန့်...
နဂိုထဲက ပစ္စည်းလေးတွေကိုတန်ဖိုးထားပြီး စည်းကမ်းရှိရှိအသုံးပြုတတ်သူပီပီ အဖေဖြစ်သူဝယ်ပြီးထားပေးခဲ့သည့် နေဗွီပြာရင့်ရောင်ထီးလေးကိုလဲ တရိုတသေအသုံးပြုနေသည်မှာ ၂နှစ်ကျော်ပြီဖြစ်သည်။ ဘာရယ်မဟုတ် အဖေက မြို့မှာကျောင်းတက်နေရတဲ့ကိုယ်နဲ့တွေ့ဖို့လာရင်းက မိုးရွာလာတာမလို့ ကြုံရာဆိုင်လေးက ဝယ်လိုက်သည့်ထီးလေးတစ်လက်...
အဖေပြန်သွားတဲ့အခါကျ ကိုယ်ဆောင်းဖို့ထားပေးခဲ့သည်လေ...
မိုးရွာနေတဲ့တစ်ရက် စာကြည့်တိုက်ကို အဖေပေးသည့် ထီးလေးကိုဆောင်းရင်း လာခဲ့မိသည်။ စာကြည့်တိုက်အဝမှာ မိုးပြာရောင်အင်္ကျီဝတ်ထားတဲ့ကောင်လေးတစ်ယောက်က လက်ပိုက်ပြီး လက်မောင်းလေးတွေကိုပွတ်နေသည်ကိုတွေ့ခဲ့ရ၏။ ခြေထောက်ကလဲ ဟိုဘက်တစွစွ ဒီဘက်တစွစွ တစ်ခုခုကိုစောင့်နေသလိုလို အလျင်လိုနေသလိုလိုဟန်။ ကိုယ့်ကိုလည်း ကြည့်နေပြီး တစ်ခုခုပြောချင်နေသည်မလို့ အကဲခက်မြန်သည့် ဂျုံဆောင်းက ထီးငှါးချင်လို့လို့ ဟုယူဆရင်း စကားစလိုက်မိသည်။
YOU ARE READING
BLUE DREAM {Eden Contest}
Nouvellesကိုယ့်နေရပ်လိပ်စာက ဝန်းငယ်နဲ့တူတူတည်ဆောက်ခဲ့တဲ့Blue dreamမှာ... Park Jongseong x Yang JungWon ________________________________ ကိုယ်နေတာက ဝန်းငယ်နဲ့တူတူတည်ဆောက်ခဲ့တဲ့ Blue dreamမှာ Park Jongseong x Yang JungWon