BLUE

149 29 0
                                        

ငါးနှစ်​​ကျော်​ကြာခဲ့တဲ့မြင်​ကွင်း​လေးဟာ မ​နေ့တ​နေ့ကလိုမျိုး ခုထိမှတ်​မိ​နေဆဲ။ အတိအကျ​ပြောရမယ်​ဆိုရင်​​တော့ ​ပျော်​စရာ​ကောင်းခဲ့တဲ့အိပ်​မက်​​လေးစတင်​ခဲ့တဲ့​နေ့​ပေါ့။

အိပ်​မက်​ဆိုတဲ့အတိုင်းပဲ အိပ်​ရာကနိုးတာနဲ့ဘာဆိုဘာမှမရှိ​တော့တာမို့ ခံရခက်​လှသည်​​လေ။ ဝန်းငယ်​ထွက်​သွားပြီးတဲ့​နောက်​ ဆက်​လိုက်​ရမယ်​ဆိုတဲ့ အ​တွေးနဲ့ မလိုက်​နဲ့​တော့အ​နှောင့်​အယှက်​ဖြစ်​လိမ့်​မယ်​ဆိုတဲ့ အ​တွေးနှစ်​ခုကလွန်​ဆွဲ​နေခဲ့သည်​။ တကယ်​လို့ လိုက်​ပြီး​ချော့မယ်​ဆိုရင်​​ကော ဝန်းငယ်​ကပြန်​လာမှာလား? အ​နှောင့်​အယှက်​ဖြစ်​ပြီး သူ​ရောကိုယ်​ပါစိတ်​ညစ်​​နေရမှာလား?

ဂျုံ​ဆောင်း​ရွေးခဲ့တဲ့လမ်းက​​တော့ ဒီတိုင်း လက်​လွှတ်​​ပေးပြီး ကိုယ်​ကိုယ်​တိုင်​က​တော့ အပြာ​ရောင်​အိပ်​မက်​ထဲမှာ​နေခဲ့တဲ့လမ်း​ပေါ့။ ​အ​ပြောင်းအလဲမြန်​တဲ့ ဝန်းငယ်​က မကြိုက်​​တော့တဲ့သီချင်းဆိုဘယ်​​တော့မှပြန်​နားမ​ထောင်​​တော့တာ ဂျုံ​ဆောင်းအသိပဲ​လေ။

ဝန်းငယ်​ထွက်​သွား​တော့ ငိုယိုပြီးကျန်​ခဲ့ရပင်​မဲ့​နောက်​​နေ့မနက်​မှာ​တော့ အလုပ်​ဆင်းခဲ့ရ​သေးသည်​။ ​နေ့အချိန်​​တွေမှာ​တော့ ​ပုံမှန်​အလုပ်​​ချိန်​​တွေလိုမဟုတ်​ပင်​မဲ့ အမှတ်​ရစရာသိပ်​မရှိ​တော့ အဆင်​​ပြေ​သေးသည်​ဆိုရမည်​။ ညအခါမှ ဝန်းငယ်​ရဲ့အ​ငွေ့ အသက်​​တွေရှိ​နေတဲ့အခန်းထဲ​ရောက်​မှ ပြိုလဲရသည်​။ ဝန်းငယ်​ထွက်​သွားပြီးတဲ့​နောက်​ပိုင်း ညအချိန်​​တွေက တရက်​ထဲထပ်​ခါထပ်​ခါဖြစ်ေ​နသလိုပါပဲ။ မျိုးစုံ​သောအရက်​ပုလင်း​တွေနဲ့အ​ဖော်​ပြုခဲ့ရသည်​။ အရင်​ထဲက အသည်း​ရောဂါရှိဖူးသည်​ကိုသတိမထားမိတာမို့ အရက်​​သောက်​တာများတဲ့အခါ ​ရောဂါလက္ခာ​ဏာ​တွေကပိုပြလာခဲ့သည်​။ ဝန်းငယ်​ကိုပဲလွမ်း​နေပြီး ခန္ဓာကိုယ်​ကြီးကိုဂရုမစိုက်​မိ​တော့ သူတို့လဲစိတ်​​ကောက်​တယ်​ဆိုပါ​တော့...
ထပ်​တိုး​လက်​​ဆောင်​က​တော့ ညခင်းဆို​သေမတတ်​ခံစားလွန်းလို့ ရလာတဲ့ နှလုံး​ရောဂါပါပဲ။

BLUE DREAM {Eden Contest}Where stories live. Discover now