BAD MISTAKE {Part: 12}

1.3K 144 44
                                    

Unicode;

ထယ်ယောင်း ဒီနေ့ဂျွန့်ရုံးပိတ်ရက်ဖြစ်၍
သူ့အလုပ်မှာတော့ ပိတ်ရက်ဟုမရှိသော်လည်း နှစ်ယောက်တည်း အချိန်ကုန်းဆုံးသည့်ရက် မရှိသလောက် ရှားနေတာကြောင့် အလုပ်ကိုခွင့်ယူပြီး အိမ်မှာတွင်သာ အချိန်ကုန်မြည်ဟုစဥ်းစားထားသည်

အပြင်တွေဘာတွေ သွားDateတာမျိုး လုပ်လို့ရသော်လည်း အခုရက်ပိုင်း ခေါင်းကိုက်တာမျိုးဖြစ်တတ်တော့ လူရှုပ်တဲ့နေရာမျိုးမသွားချင်၊
ဂျွန်နဲ့ရည်းစားဘဝကတော့ ညစျေးကိုခဏခဏရောက်ဖြစ်ကြသော်လည်း လက်ထပ်ပြီးတော့ကျ ကိုယ့်အလုပ်နဲ့ကိုယ်မို့ အချိန်မပေးဖြစ်ကြ၊
အဓိကကဂျွန်သာရှိနေရင် အိမ်မှာအတူနေရလည်း ပြည့်စုံနေတာဘဲလေ

"ဂျွန် ဒီနေ့ငါတို့ ဝက်သုံးထပ်သားကင်စားရအောင်.. ပြီးရင်နည်းနည်းလောက် တူတူသောက်ရအောင်လေ.. နော်.."

"မသောက်ရပါဘူး.. ဒီရက်ပိုင်း ခေါင်းခနခနကိုက်တတ်တယ်မလား.. သောက်ပြီးမှ တခုခုဖြစ်ရင် ဒုက္ခ.."

"ဆိုင်လို့လား .. မင်းကလည်းကွာ ဒါလေးတောင်..
ငါ့ကိုမချစ်လို့မို့လား ငါသိပါတယ် မင်းက.."

"ဆရာသမားကတော့ စရစ်ပါပြီဗျာ..ဒါဆိုလည်းပိစိလေးဘဲသောက်ရမယ်.. ဘယ်လိုလဲ...? "

"အင်း ဒါဆိုဆိုဂျူငါးပုလင်းဘဲ.."

"ဘာ.."

"မရဖူးလား ဒါဆိုသုံးပုလင်း..."

"မရပါဘူး..တပုလင်းလောက်ဆို တော်ရောပေါ့.. အမှန်ဆိုတိုက်တောင်မတိုက်ချင်တာကို.."

"မင်းကလည်း ဒါလေးသောက်ရုံလောက်နဲ့ ဘာမှမဖြစ်ပါဘူးကွာ..တပုလင်းတော့မလုပ်ပါနဲ့ နည်းလိုက်တာ နှစ်ပုလင်း နှစ်ပု..."

ပြောနေရင်းတန်းလန်း သူ့အားမျက်မှောင်ကြီးကြုတ်ပြီးကြည့်နေသောဂျွန့်ကြောင့်

"အာ ဟုတ်ပြီ ဒါဆိုတပုလင်းခွဲဘဲ သောက်မယ်..
အဲ့လောက်တော့ ငါ့ကိုလည်း ပေးသောက်ပါဦး
မသောက်ရတာကြာပြီ..တခြားမှာ သောက်တာလည်းမဟုတ် မင်းရှိနေတာဘဲ...ငါ့အနားမှာမင်းရှိရင် ငါ့ကိုဘာဖြစ်ဖြစ် ဂရုစိုက်ပေးမှာ ငါသိတယ်.."

BAD  MISTAKE (REST)Where stories live. Discover now