BAD MISTAKE {Part: 3}

2.1K 237 2
                                    

Unicode:

ဂျောင်ကုစိတ်ထဲ တမျိုးကြီးဖြစ်လို့နေသည်
ခုနကယောင်းငယ်နဲ့ မင်ဒယ်အိုကို တွေ့လိုက်သည်..
အခုသူ့စိတ်ထဲခံစားနေရတာ မင်ဒယ်အိုကို ယောင်းငယ်နဲ့ တွဲတွေ့လိုက်ရလို့ မဟုတ်ပါ၊ယောင်းငယ်ကို သူယုံကြည်ပြီးသား။

ကျွန်တော်နဲ့ အခုတွဲနေတဲ့ ကောင်မလေးနဲ့
လက်ချင်းတွဲလာတာကို ယောင်းငယ်တွေ့သွားလို့သာဖြစ်သည်၊
ဟိုတယောက်က ကျောင်းဆင်းရင် လာခေါ်ဖို့ပြောထားလို့ ကျောင်းဆင်းတာနဲ့ သူအပြေးလာခဲ့တာ၊ ယောင်းငယ်ကို မတွေ့စေချင်လို့၊ ယောင်းငယ်ရှေ့မှာ မျက်နှာပြောင်တိုက်ပြီးတော့ တွဲသွားတွဲလာလုပ်တာမျိုး မဖြစ်စေချင်လို့။

သို့သော် ယောင်းငယ်တွေ့သွားသည်၊ သူတို့ထွက်လာတဲ့အချိန်နဲ့ကွက်တိကို တွေ့သွားတာ အဲ့တာဟိုမိန်းကလေး အရစ်ရှည်နေလို့ဖြစ်တာ ကျွန်တော့်ကို လာခေါ်ခိုင်းပြီး ရောက်သွားတော့
"သန့်စင်ခန်းခဏဝင်ဦးမယ်"လုပ်နေလို့
နောက်ကျသွားတာ၊
အဲ့တာကြောင့် ယောင်းငယ်တွေ့သွားရတာ။

လျစ်လျူရှုသွားတဲ့ ယောင်းငယ်ကို ကြည့်ပြီးတော့ စိတ်ထဲမတင်မကျ ဖြစ်လာရပြန်သည်..
စိတ်လည်းသိပ်မကြည်တော့တာမို့
ဘေးကကျွန်တော့်လက်ကို ချိတ်ထားတဲ့သူမအား

"မင်းနဲ့ငါလမ်းခွဲရအောင် ငါမင်းနဲ့ဆက်တွဲဖို့စိတ်မပါတော့ဘူး"
သူမနာမည် ဘယ်သူလဲတောင် အမှန်တော့
ကျွန်တော် တကယ်မမှတ်မိတော့ဘူး ။

***********

ထယ်ယောင်းက ညနေဘက်ဆိုစားသောက်ဆိုင်တဆိုင်မှာ စားပွဲထိုးလုပ်သည် ၊ ဆိုင်ကရိုးရိုးစားသောက်ဆိုင် အသေးစားလေးဖြစ်တာကြောင့် လူတော့သိပ်မများပေ။ လုပ်စရာရှိတာလုပ်ပြီးရင် စားသုံးသူကို
ထိုင်စောင့်နေရတတ်သည် ။

ဒီဆိုင်က ဆိုင်ရှင်အဒေါ်ကြီးက သဘောကောင်းပါသည်၊ ထယ်ယောင်းလည်း ဒီဆိုင်မှာအလုပ်ဝင်နေတာ တက္ကသိုလ်စတက်တည်းကပင်၊
အလုပ်ကြိုးစားပြီး ရိုးသားတဲ့ထယ်ယောင်းကို ဆိုင်ရှင်အဒေါ်ကြီးက "သားမက်တော်ချင်တယ်"ဟုတောင် တခါတလေ စနောက်တတ်သေးသည်

BAD  MISTAKE (REST)Where stories live. Discover now