BAD MISTAKE {Part: 8}

1.5K 180 14
                                    

Unicode:

နောက်တနေ့မနက် ဂျောင်ကု ရုံးခန်းထဲမှာ
အလုပ်လုပ်နေချိန်...
"ဒေါက် ဒေါက် ဒေါက်"

"ဝင်လာခဲ့.."

"ဟိုင်း ဂျောင်ကု ...ငါပါဒယ်အို ငါရောက်ပြီ"

ကြည့်လိုက်တော့မင်ဒယ်အို..ရောက်လာပြီပဲ
ကျောင်းတုန်းကထက်တော့ တော်တော်လေး ပိုကြည့်ကောင်းလာသည်

ဒါပေမဲ့ ဂျောင်ကုစိတ်ထဲ သိပ်သဘောမကျ
အရင်က အရမ်းကြီး ရင်းနှီးခဲ့ကြတာမှ မဟုတ်တာ နောက်ပြီး ဘယ်လောက်ဘဲ ရင်းနှီးခဲ့ပါစေဦး...အခုသူက အလုပ်လာလုပ်တာမဟုတ်လား အလုပ်ရှင်အပေါ်
နည်းနည်းလေး ရိုင်းပြသလို မဖြစ်နေဘူးလား

"သြော်..ရောက်ပြီလား ထိုင်ပါဦး"

"အင်း "

ဒယ်အိုလည်း ဂျောင်ကုထိုင်ခိုင်းတဲ့နေရာ
ဝင်ထိုင်လိုက်သည် ၊ သူစိတ်တွေတော့ အရမ်းလှုပ်ရှားနေသည်
ဒါAustraliaမှာသိခဲ့ပြီးတည်းက ဂျောင်ကု နဲ့ပထမဆုံး နှစ်ယောက်ထဲ အတူရှိနေရခြင်းပင် ခါတိုင်းဆို ကင်ထယ်ယောင်းပါ ရှိနေတတ်သည်လေ

"မင်းက ဘာလို့ ငါ့ဆီမှာ အလုပ်လုပ်ချင်ရတာလဲ... ငါသိသလောက်ကတော့ မင်းမိဘတွေကလည်း လူချမ်းသာတွေပဲ မဟုတ်လား"

"အင်း.. ဒါပေမဲ့ငါ လုပ်ငန်းအတွေ့ကြုံလိုချင်လို့.. ထယ်ယောင်းပြောတော့ ငါ့ကိုအလုပ်ခန့်လိုက်ပြီဆို.. ဒါတွေဘာလို့လာမေးနေရသေးတာလဲ.. ဘာလဲ ထယ်ယောင်း ရှေ့မှာမို့သာ ကောင်းပြချင်နေတာလား"

မျက်စိမှိတ်ပြီး ရိသဲ့သဲပြောလာတဲ့ဒယ်အို...
တကယ်ပဲ အရင်က သူတို့သူငယ်ချင်းဟုတ်ရဲ့လား?.. ဒ်ီကောင် ကျောင်းတုန်းကနဲ့တောင် ပုံစံကွာသွားပြီ

"မဟုတ်ပါဘူး ငါမင်းကိုအလုပ်ခန့်ဖို့ ယောင်းကို သဘောတူထားပြီးပြီဘဲ.. ဒါပေမဲ့ အစမ်းခန့်တလ အရင်စမ်းလုပ်ရမယ်.."

"ယောင်း"

ကျွန်တော်ပြောလိုက်သည့် နာမ်စားကို တိုးတိုးလေး ရေရွှတ်လိုက်တဲ့ဒယ်အိုက
အလုပ်အကြောင်း ပြောနေတာကိုပင်
စိတ်ထဲရှိသေးရဲ့လားမသိ။

"ဟုတ်တယ် ဘာဖြစ်လို့လဲ.. မင်ဒယ်အို မင်းအလုပ်လုပ်ဖို့ လာတာမလား.. အလုပ်ထဲကိုအာရုံစိုက်ထားလို့ရမလား.. မဟုတ်ရင် ငါအလုပ်ခန့်မှာ မဟုတ်ဖူးနော်"

BAD  MISTAKE (REST)Where stories live. Discover now