Part-2

24 1 0
                                    

Unicode

"လာ သား ကိုယ့်အိမ်ကိုယ့်ယာ လိုသဘောထားနော်"

"ဟုတ်ကဲ့ပါ အန်တီ"

ဒဏ်ရာတွေအတော်အသင့် သက်သာလာပြီး ၄,၅ရက်လောက်နေတော့ ဆေးရုံဆင်းခဲ့ရသည်။‌ဆေးရုံမှာတုန်းက စကား‌တွေ ပြောဖြစ်ကြရင်းနဲ့သူတို့မိသားစုအကြောင်းတွေပြောပြလို့အတော်အများတော့သိခဲ့ရသည်။သနားလည်းသနားမိသည်။အန်တီ့နာမည်က 'ရည်ရည်ဌေး' တဲ့။အနှီကောင်လေးကတော့ 'ရည်ဝေဇော်'တဲ့။‌ရင်းရင်းနှီးနှီး 'ဇော်'လို့ပဲခေါ်ပါဆိုပြီး ပြောသေးသည်။‌

ဆေးရုံမှရွာလေးတစ်ရွာသို့ဦးတည်လာကြရင်း ရောက်တော့ အတော်အသင့်ကျယ်တဲ့ ခြံ၀န်းလေးထဲ၀င်လာကြသည်။ဆူးပင်များကာရံကာ ခြံစည်းရိုးခတ်ထားသည်။ခြံထဲမှာတော့ သေသပ်တဲ့ပျဉ်ထောင်အိမ်လေးကကြိုဆိုနေသည်။တစ်ထပ်သာဆိုပေမယ့် ဝါးကပ်များဖြင့်ကျနစွာတည်ဆောက်ထားသောထိုအိမ်က ကျယ်လှသည်။၀ါးကပ်ထရံများ၌ရေနံဆီများကိုသုတ်ထားသေးသည်။ခြံထဲတွင် အမျိုးစုံအောင်စိုက်ထားသော သစ်ပင်၊ပန်းမန်များနှင့် ထိုအိမ်လေးမှာ ပနံသင့်လှသည်။ရှူခင်းနှင့်သာမက လေကောင်းလေသန့်ကြောင့် လူကအတော်လန်းဆန်းသွားရသည်။ဘယ်လိုတောင် လှတဲ့ သဘာ၀အလှတရားလဲ။မြို့ပြမှာသာကြီးပျင်းခဲ့ရတဲ့ကျွန်တော့်အဖို့ ထိုအိမ်လေးကိုမြင်လိုက်တော့ ကျေနပ်ပီတိဖြစ်ရသည်။မှင်သက်နေသော ကျွန်တော် အန်တီ့ခေါ်သံကြားမှ အိမ်ထဲ၀င်ဖို့သတိရသည်။ထိုင်ခုံ၌နေရာယူပြီး ငြိမ်ငြိမ်လေးသာထိုင်နေမိသည်။မျက်နှာချင်းဆိုင်ခုံ၌  ' ဇော် 'လာထိုင်ပြီး

"အကို ဘာမှအားမနာနဲ့နော် ခေါင်းရောအရမ်းကိုက်နေသေးလား ခြေထောက်ကရောလမ်းလျှောက်လို့အဆင်ပြေရဲ့လား"

"အကို့ ဒဏ်ရာတွေကသက်သာနေပါပြီ စိတ်ပူပေးတာကျေးဇူးပါ 'ဇော်' "

"ဟီး ဟုတ်ရပါတယ်"

‌'ဇော်'ပြုံးနေတာကိုကြည့်ပြီး ကျွန်တော်ပါအေးချမ်းသွားတယ်။စတွေ့ကတည်းကကြည့်နေတာ 'ဇော်'က ယောက်ျားလေးမှဟုတ်ရဲ့လားလို့ပါ။အသားအရည်က ရွာသားသာဆိုတယ် ဖြူနုနေတာပဲ။ပုပုသွယ်သွယ်နဲ့ မိန်းကလေးလို့ပြောရင်တောင် ယုံကြနိုင်သည်။ယောက်ျားလေးဖြစ်ပြီး ပျော့ညံ့ပုံပေါက်နေတာကိုတော့ တစ်ကယ်အားမရဘူး။ထိုကောင်လေးက ကျွန်တော့်အသက်ကိုကယ်ခဲ့တဲ့လူတဲ့လား။တွေးကြည့်တော့လည်း ကံကြမ္မာကြီးက အံ့ဩစရာပါပဲ။မညာကြေးဆိုရင်တော့ 'ဇော်'က ကလေးလေးလို ချစ်စရာကောင်းလွန်းပါသည်။

ကျန်ရစ်သူကရူးရတယ်တဲ့ 'မောင်'(U+Z)(Completed)ကျန်ရစ်သူကရူးရတယ်တဲ့ 'မောင်'(U+Z)Where stories live. Discover now