Part-5

31 1 0
                                    

Unicode

"တီးတောင် !!"

"မောင် ..ဟင့် ..အီးဟီး!!"

တံခါးပွင့်လာတာနဲ့အတူကျွန်တော့်ရင်ခွင်ထဲတိုး၀င်ကာ ဖက်တွယ်ရင်းအော်ငိုနေတဲ့ ဇော်။

ဇော်ရယ် မောင်ကဒီလိုကလေးလေးကို ဘယ်လိုစိတ်ချလက်ချထားခဲ့ရပါ့မလဲ။မောင့်ကိုတွေဝေအောင်မလုပ်ပါနဲ့ကွာ။မောင်တွေဝေမိသွားရင် ဇော့်အသက်ထိခိုက်မှာ။

"မောင်နောက်ကျတယ်..မောင်အရမ်းနောက်ကျတယ်"

"အွန်းမောင်Companyမှာ ဧည့်သည်တွေ့ဆုံပွဲရှိတာနဲ့နောက်ကျသွားတာ ခုမောင်ပြန်လာပြီမို့မငိုရတော့ဘူးနော်"

"မောင်ဖုန်းလည်းမကိုင်ဘူး အီးဟီး!!ဇော်အများကြီးခေါ်ထားတာကို ဟင့်!!"

"မောင်တောင်းပန်ပါတယ် မောင့် ဇော်ကို စိတ်ပူရအောင်မောင်လုပ်မိပြီ"

"အဆို ဇော့်ကိုဖက်ထား"

"ဖက်ထားမှာပေါ့လာပါဦး..အမလေး မောင့် ဇော်က တစ်ကယ်ကို ငချွဲလေးပဲ"

ပွေ့ချီလိုက်တော့ လည်တိုင်ကိုဖက်ကာ ခေါင်းတိုး၀င်လာရင်း မှီ၍မျက်လုံးတို့မှိတ်ထားသည်။အခန်းထဲရှိ ကုတင်ပေါ်အသာယာထိုင်လိုင်ရင်း ဇော့်ကိုရင်ခွင်ထဲတင်းကြပ်စွာဖက်ထားမိ၏။လည်တိုင်ကျော့ကျော့ကို မွှေးမြူရင်း ဇော့်ရဲ့ကိုယ်သင်းရနံ့တို့ကို အလွတ်မှတ်နေမိသည်။တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်ထားရင်း အချိန်ခဏမျှငြိမ်သက်နေကြပြီးနောက် ရင်ခွင်ထဲကဇော်မှ ကျွန်တော့်မျက်နှာအားငေးရင်း လက်တစ်ဖက်ဖြင့်ပါးပြင်ကိုအုပ်ကိုင်လာသည်။

"မောင် ထမင်းစားတော့မလား ဇော်သွားခူးလိုက်မယ်လေ"

ထတော့မယ်လုပ်နေတဲ့ဇော်ကိုကျွန်တော်တင်းကြပ်စွာထွေးပိုက်မိသည်။ဒီလိုပုံစံမျိုးနဲ့ ခွဲကြရရင် မောင်ရောဇောရော အရူးတစ်ပိုင်းဖြစ်ရလိမ့်မယ်။မောင်သာ accidentဖြစ်ကတည်းကသေသွားခဲ့ရင် ဒီလိုတွေဖြစ်လာမှာမဟုတ်သလို ဇော့်ကိုလည်းနာကျင်စေခဲ့မှာမဟုတ်ဘူး။

"ဟင့်အင်း ဇော် မသွားနဲ့ မောင်နဲ့ဒီလိုလေးပဲဖက်ထားကြရအောင်နော် "

ကျန်ရစ်သူကရူးရတယ်တဲ့ 'မောင်'(U+Z)(Completed)ကျန်ရစ်သူကရူးရတယ်တဲ့ 'မောင်'(U+Z)Where stories live. Discover now