Unicode
"ဆရာ စုံစမ်းခိုင်းထားတဲ့အချက်လက်တွေအကုန်ရပါပြီ"
"ခုံပေါ်တင်ပြီးထားခဲ့ ပြီးရင် သွားလို့ရပြီ"
"ဟုတ်ကဲ့ပါ ဒါဆို ခွင့်ပြုပါဦးဆရာ"
ခေါင်းတစ်ချက်သာညှိမ့်ပြ၍ နှုတ်ခမ်းတို့တွန့်ချိုးကာ ကျေနပ်မှုကို ပြသ ဟန် ပြုံးနေသည်။ခုံပေါ်မှဖိုင်ကိုယူဖွင့်ကြည့်ရင်း
"မြတ်မင်းမောင် .. မြတ်မင်းမောင်..လည်လှပြီထင်နေတယ်ပေါ့ ဟားဟား..ပျောက်သောသူရှာရင်တွေ့တဲ့..ဟက်!မင်းရဲ့အဖိုးတန်လေးက ကောင်လေးတစ်ယောက်တဲ့လား ဟားဟား..ဟားဟားဟား!"
ထိုသို့ဆိုနေသူမှာ အခြားလူမဟုတ် မြတ်မင်းမောင် ၏ဖခင်သာဖြစ်သည်။
∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆∆
"ရဲရင့်ပိုင် Tuesdayတုန်းက shareအစည်းအဝေးမှာ ဘယ်လိုဖြစ်ပြီး ငါ့အဖေ companyကပါနေရတာလဲ"
"ကျွန်တော်သေချာစီစစ်နေတဲ့ကြားကဖြစ်သွားတဲ့ caseပါသူဌေး ..ကျွန်တော့်ရဲ့ပေါ့လျော့မှုတွက် တောင်းပန်ပါတယ်"
"Shareကလည်းအများဆုံးဖြစ်နေတော့ ဘာလုပ်ရမှန်းမသိတော့ဘူး..ဟူး! ရဲရင့်ပိုင် မင်းသွားလို့ရပြီ ဒီနေ့သွားတွေ့ရမယ့် ဧည့်သည်စာရင်းတွေ နေ့လည်ကျလာပို့ပေးထား"
"ဟုတ်ကဲ့သူဌေး"
ရဲရင့်ပိုင်မှာ တံခါးကိုအသာဖွင့်၍ခက်သွပ်သွပ်သာထွက်သွားတော့သည်။ကျန်ခဲ့သူ မြတ်မင်းမောင်မှာ လည်ပင်းကအင်္ကျီကြယ်သီးကိုဖြုတ်၍ သက်ပြင်းတစ်ချက်ချလိုက်သည်။ထို့နောက် ခုံကိုခေါင်းမှီကာ မျက်လုံးမှိတ်လိုက်ရင်း အံကိုကြိတ်၍ နှုတ်ခမ်းသားကိုတင်းတင်းစေ့ထားတော့သည်။
မိဘတွေ ကျွန်တော့်ကို ပေးထားတဲ့အချိန်တစ်နှစ်ပြည့်လို့ကျော်တောင်ကျော်သွားပါပြီ။ဒါ့ကြောင့်ကျွန်တော့်ဘ၀ကြီးအေးချမ်းပြီလို့ထင်ခဲ့တာ လွတ်လပ်ပြီလို့ထင်ခဲ့တာ ရုပ်သေးရုပ်ဘ၀ကနေလေ ..ဟက်။
ဘယ်ဟုတ်မလဲ သူတို့က ကျွန်တော်ကိုယ်တိုင်အိမ်ပြန်လာမယ့်အချိန်ကိုစောင့်နေကြတာပဲ။ခုကျွန်တော်ကရောက်မလာလို့ အဖေကစပြီးလိုက်ရှာနေပြီ..မဟုတ်ဘူး ကျွန်တော့်ကိုရှာတွေ့သွားတာ။အစကတည်းက ကျွန်တော်ရှိနေတဲ့နေရာကိုသိနှင့်နေတာလား။ကျွန်တော်သာ ဒီတိုင်းဆက်နေနေရင် အဖေ့ကြောင့် ကျွန်တော်ရင်းနှီးခဲ့တဲ့ ဒီလုပ်ငန်းစုတွေကခဏလေးနဲ့ရေစုန်မျောသွားမှာ။ရူးတော့မယ်။
YOU ARE READING
ကျန်ရစ်သူကရူးရတယ်တဲ့ 'မောင်'(U+Z)(Completed)က်န္ရစ္သူက႐ူးရတယ္တဲ့ 'ေမာင္'(U+Z)
Kort verhaalOne short BL fic လေးပါ။OC ပါပဲ။ဇာတ်လမ်းအကြောင်းမပြောပြတော့ဘူး။j အရေးသားညံ့ရင်၊အမှားပါရင် သည်းခံပြီးဖတ်ပေးကြပါလို့ တောင်းဆိုပါတယ်။November specialအနေနဲ့တင်ဖို့လုပ်ထားရင်းအကြောင်းကြောင်းကြောင့်ficကအပြီးမသတ်လို့ခုDecember specialအနေနဲ့ အစ၊အဆုံးစောင့်ဖ...