For zgy
4
လူရှုပ်သော ညဘက်လမ်းမကြီးပေါ်တွင် ကားလေးတစ်စီးဟာ ဖြေးညှင်းစွာ ပြေးလွှားနေခဲ့သည်။ ကားထဲမှာတော့ ၇နှစ်သားအရွယ် ကောင်လေးတစ်ယောက်ရယ် အမေရယ် အဖေရယ် ဟာ ရယ်လို့မောလို့ စကားတွေပြောနေကြတယ်။
"Appa သား ဟိုးးက အာတာပူစီ စားချင်တယ်"
"ဟုတ်လား Appa သားစားချင်လို့လား"
"ဟုတ်"
"Appa တို့ သွားဝယ်ပေးရမလား"
"ဟင့်အင်း သားဟာသား သွားဝယ်မယ်"
"ဟာဟား ဟုတ်ပါပြီဗျာ"
ပြုံ၍ကြည့်နေသော Omma ဆီက အသံထွက်လာသည်
"လမ်းကြည့်ကူးနော် သား"
"Nae.."
အာတာပူစီ ပန်းရောင်ကြီးတွေဆီ မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ၇နှစ်အရွယ် ကလေးလေးဟာ အပြေးလေးသွားနေသည်။
"ဉီးလေးကြီး သားကို တစ်ခု"
"ရပါပြီ ခင်ဗျာ"
"Nae ကျေးဇူးတင်ပါတယ်"
ဉီးလေးကြီးကို ကျေးဇူးတင်ကြောင်းပြောကာ chanyeol အာတာပူစီကို ကျေနပ်စွာကြည့်ကာ ပြန်လာခဲ့သည်။ လူကူးမျဉ်းကျားကို chanyeol ရောက်ချိန် မီးနီနေသဖြင့် ခဏရပ်စောင့်နေလိုက်သည်။ လမ်းရဲ့ ဟိုဘက်နားလေးမှာ chanyeol တို့ကားလေးရပ်ထားသည်။ chanyeol ကားဆီကြည့်နေစဉ်မှာပင် ထရပ်ကားတစ်စီးဟာ အရှိန်ပြင်းစွာ chanyeol တို့ကားလေးစီ ဉီးတည်နေသည်။
"Appa...."
သူအော်ဟစ်လိုက်စဉ်ပင် သူ့မျက်စိရှေ့တင် appa နဲ့ omma ရှိတဲ့ ကားကလေးဟာ နဂိုတည်နေရာကနေ နှစ်လံလောက်ထိဝေးလွင့်သွားကာ တိမ်းမှောက်သံ ဆူဆူညံညံထွက်ပေါ်လာလေသည်။
"ဒုန်းးးး ဂျိမ်းးး ဂျလိမ်းးးးး"
chanyeol မျက်လုံးတွေကို မျက်တောင်ခတ်ဖို့ပင် မေ့နေခဲ့သည်။ ပြေးသွားလိုက်ချင်ပေမယ့် appa နဲ့ omma ကို အော်ခေါ်လိုက်ချင်ပေမယ့် ဘာဆို ဘာတစ်ခုမှ မလုပ်နိုင်ခဲ့ပဲ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်ကျနေမိသည်။ မီးစိမ်းသွားဟန်ရသော လူကူးမျဉ်းကျားလေးကနေ လူတစ်ချို့ chanyeol ကိုယ်လေးကို တိုးတိုက်သွားကြသည်။ တမင်တကာမဟုတ်သော ခပ်ဖွဖွအထိနဲ့အတူ လက်ထဲက ပန်းနုရောင်အာတာပူစီလေးဟာ လမ်းမပေါ် ခုန်းဆင်းသွားခဲ့သည်။ မျက်စိရှေ့မှာ ကားတွေ လူတွေ ပြေးလွှားလှုပ်ရှားနေပေမယ့် အရာရာဟာ ရုန်းရင်းဆန်ခတ်စွာ ရှုပ်နေပေမယ့် သူထိုနေရာကနေ တစ်လက်မတောင် မရွှေ့ဖြစ်ဘူး။ အချက်ပြမီးသံ တဝှီဝှီကြားကာ ကားထဲက လူတွေကို ဆွဲထုတ်နေကြသည်။ လူအုံနေသော လူအုပ်ကြီးဟာ အရေးပေါ်ကားကို ဖယ်ပေးနေကြသည်။ လူကူးမျဉ်းကြားလေးဟာလည်း ဘယ်နှကြိမ်စိမ်းပြီး ဘယ်နှကြိမ်ထိ ပြန်နီသွားပြီလဲ မသိပေမယ့် chanyeol နားကို လူတွေ အုံလာလိုက် တိုးတိုက်ထွက်သွားလိုက်နဲ့ ။
YOU ARE READING
Born A Life(complete)
Fanfictionဘဝ တစ်ခုရှင်သန်ဖို့ ဘာတွေလိုအပ်ပါသလဲ? ကျွန်တော့်အတွက် အမိန့်တစ်ခုပဲ လိုခဲ့ပါတယ်။ @Blade!!! မသိခဲ့တာ မဟုတ်ခဲ့ဘူး မသိချင်ယောင်ဆောင်ခဲ့တာပါ ရတယ် မင်းသာမသိစေချင်ရင် နောက်ဆုံးထွက်သက်တွေအထိ ငါက မသိသလိုနေပေးမှာ မင်းမို့လို့ ... မင်းဖြစ်နေလို့ကို ... ငါအ...