part 22

486 60 2
                                    

For zgy

BAL 22

"Chan ဒီနေ့ည လုပ်ချင်တာ အကုန်လုပ်ရအောင်
အရင်ဆုံး ဘာလုပ်ချင်လဲ"

"မင်းအိမ် ရောက်ဖူးချင်တယ် "

"ငါ့ အိမ်
Okay!!! Let 's go"

ခပ်မြူးမြူးပြောလာသူလေးကြောင့် chanyeol မထိန်းနိုင်စွာ ရယ်မိပြန်သည်။ ဒီကောင်လေး တအားချစ်စရာကောင်းလွန်းသည်။ ယောကျာ်းလေးတစ်ယောက်မို့ ဒီစကါး မသင့်တော်ပေမယ့် ဒီကောင်လေးအတွက် ဒီစကါးကလွဲ သူမစဉ်းစားမိသည်အထိ ချစ်ဖို့ကောင်းနေတာလဲ အမှန်။

"ခေါင်မိုးထပ်လေးမှာ နေတာပဲ"

"အင်း လေတွေလဲ လတ်ဆတ်ပြီး လူသံလဲတိတ်တယ်
အဓိက က ညရှုခင်းအရမ်းမိုက်တယ်
အခုလိုမျိုးပေါ့ "

"အင်း ဟုတ်တယ်"

"ဘီယာ သောက်မလား "

"Cool .."

မှန်တွေနဲ့ ကာထားတာကြောင့် ပတ်ဝန်းကျင်တစ်ပြင်လုံးကို အိမ်ထဲကနေ အတိုင်းသားမြင်နေရသည်။ အိတ်တစ်ခုထဲက ငွေစတွေ ကျိုးတိုးကျဲတဲထွက်ကျနေတာကို chanyeol ထိုင်နေရင်းကနေ မြင်လိုက်ရသည်။ baekhyun ကတော့ ရေနဲ့ ဘီယာတွေပဲရှိတဲ့ ရေခဲသေတ္တာထဲက ဘီယာဘူးတွေ တစ်ပွေ့ကြီးလိုက် ချလာခဲ့သည်။ စားပွဲပုလေးပေါ် ဘီယာ ပလင်းတွေ ချလိုက်ပြီးမှ စားပွဲပေါ်က အိတ်ကို ယူလိုက်ကာ ချိတ်တိုင်လေးမှာ ဒီအတိုင်းချိတ်လိုက်ပြီးမှ

"ကမ်းပေ့"

"ကမ်းပေ့"

ဆိုဖာကို ကျောမှီထိုင်ကာ သူတို့နှစ်ယောက် သောက်နေတာ ဘီယာတွေ တစ်ဗူးပြီး တစ်ဘူး ။

"Baekhyun "

သုံးဘူးလောက် သောက်ပြီးတော့မှ ခတ်ဆတ်ဆတ်အသံကြောင့် baekhyun ပြောဆိုတဲ့ သဘောမျိုး မေးဆတ်ပြလိုက်တော့

"ရည်းစားတွေ ဘယ်နှယောက်တောင်ထားဖူးတာလဲ "

"အင်း အယောက် ၃၀ လား အဲ့ထက်များမလား မသိတော့ဘူး "

"အကျင့်မကောင်းတဲ့ကောင် "

"ဘာ
ဟက် chanyeol အခု မူးနေတာလား "

"No No No .... မူးစရာလား "

"ငါကတော့ သူ့တစ်ယောက်တည်း ချစ်ရပြီး သူကျတော့ ရည်းစားက သက်စေ့မကဘူး"

Born A Life(complete)Where stories live. Discover now