part 11

496 57 5
                                    

For zgy

BAL 11

Chanyeol ရဲ့ မနက်ခင်းတွေထဲ ပုံမှန်အေးစက်စက်နေ့ရက်တွေ နေရာပြန်ယူလာခဲ့ပါတယ်။ ဟန်မြစ်ဘေးကနေ စောင့်နေတတ်တဲ့ကောင်လေးလဲ မရှိတော့သလို ဟောဟဲခတ်နေအောင် မောနေလဲ စကားပြောမပြတ်တဲ့ ကောင်လေးလဲ ပေါ်မလာခဲ့ဘူး။ တစ်ပတ်တာဆိုသော အချိန်လေးဟာ chanyeol နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ အေးချမ်းတည်ငြိမ်မှုတွေကို တိုက်စားလိုက်ပါတယ်။ အကြောင်းမကြားပဲ ရောက်လာတတ်တဲ့ လေအိုးလေးမရှိတော့သဖြင့် စိတ်အေးရမယ့်အစား သူဖုန်းမျက်နှာပြင်ကိုသာ ပေါက်ထွက်မတတ်ကြည့်နေမိတော့တယ်။ တကယ်လို့များ စာပို့လာခဲ့ရင်။

ဒါပေမယ့် ထိုကောင်လေးဟာ သူ့ကိုတမင်ကစားနေသလားအောက်မေ့ရအောင် ကျီစားနိုင်လွန်းတယ်။

အမြဲလိုအလုပ်ထဲ ခေါင်းနှစ်ထားတတ်တဲ့ Chanyeol ဟာ ဒီရက်ပိုင်းတွေထဲ အာရုံထြွေပားနေခဲ့တယ်။ ဒီနေ့ရောဆို ထိုကောင်လေးကို မတွေ့တာ ငါးရက် ရှိပြီ။ တကယ်ကို ပေါ်မလာတော့သလို ဖုန်းနဲ့ စာလေးတောင်မပို့ပေ။ နာမည်ကလွဲပြီး ဘာမှမသိတဲ့ ထိုကောင်လေးကို သူရှာချင်ရင်တောင် ဘယ်ဆီဘယ်ဝယ် စုံစမ်းရမလဲ မသိ။ ဓာတ်ပုံလေးတစ်ပုံလောက်ရှိရင်တောင် သူစုံစမ်းခိုင်းလို့ရသေးသည် အခုတော့။

ဟိုတစ်ခါ သူတွေ့ခဲ့တဲ့ ကလပ်ဆီကိုလဲ ညတိုင်းရောက်ဖြစ်သည်။ စာဝင်သံလေးစောင့်ရင်း ညနက်ခဲ့ရတာလည်းများပြီ။ မနက်တွေဆို ထိုင်နေကျခုံတန်းလေးမှာ အကြာကြီး ထိုင်စောင့်နေမိတာ တခါတခါ အလုပ်နောက်ကျတဲ့အထိ။ သူရှာနေတဲ့ အဖြူရောင်အရိပ်လေးဟာတော့ ပုန်းလို့ကောင်းဆဲ။

ဒီရက်တွေအတွင်းမှာ chanyeol သေချာတွေးမိတာတစ်ခုက သူတကယ်ပဲ ထိုကောင်လေးကို စိတ်ဝင်စားနေပြီလား။ သေချာတာ တစ်ခုက သူဂေးမဟုတ်ပေ။ ဒါပေမယ့် အမှန်အတိုင်းဝန်ခံရရင်တော့ သူထိုကောင်လေးကို တကယ်ကို စိတ်ဝင်စားနေမိပြီဖြစ်သည်။ သူ့အတွေးတွေထဲ အမြဲလို ခေါင်းလုံးလုံးလေးဟာ စိုးမိုးနေတတ်သည်။နှုတ်ခမ်းပါးရဲရဲလေးတွေ စိုးမိုးနေတတ်သည်။ ပြီးတော့ ညိုမဲနေတဲ့ ခြေထောက်တွေ ။ သူသက်သာရဲ့လား ။ အကြိမ်များစွာခေါ်ထားတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုဟာ စက်ပိတ်ထားပါတယ်ဆိုတဲ့ oprater အသံပဲ ဖြစ်နေတဲ့အခါ chanyeol နေ့တာဟာ တကယ်ရှည်ပါတယ်။

Born A Life(complete)Where stories live. Discover now