part 16

444 60 0
                                    

For zgy

BAL 16

တက်ကြွစွာပြေးလွှားနေသူကို ငဲ့ကြည့်မိတော့ Baekhyun သေချင်ဆော်နံသွားသည်။ shit ဒီဘဲမောနေလောက်မယ်ထင်မိတာ baekhyun ပဲမှားတာဖြစ်သည်။ ကိုယ်ကတော့ လုံးဝကိုဆက်မပြေးနိုင်တော့။ နောက်ကို ငှဲ့ကြည့်တော့ ဇွဲကြီးစွာပါလာသော နိုင်ငံ့ဝန်ထမ်းကောင်းများ။

"ဟော ဟဲ... chan .....yeol
ငါ ဟောဟဲ ဆက်မပြေးနိုင်တော့ ဟဲ ဘူး"

မော နေတဲ့ကြားက သူကြားအောင် အော်ပြောနေရသေးသည်။ အော်သာဆဲပစ်ချင်တော့တာပဲ။ မဖြစ်တော့ သူဒီနေ့ကစပြီး အားကစားလုပ်မြှဖစ်တော့မည်။

ရုတ်တရက် ရုန်းဆွဲခံလိုက်ရတဲ့ လက်ဖျားလေးနဲ့အတူ baekhyun ကိုယ်လေး chanyeol ရင်ဘတ်ကြားထဲ​ပျောက်လုနီးပါးဝင်ရောက်သွားသည်။ ရပ်တန့်သွားတဲ့နေရာက တိုက်နှစ်ခုကြားက ထောင့်ချိုးနေရာလေးတစ်ခု။ မောလွန်းစွာ baekhyun ရင်အစုံက နိမ့်ချီမြင့်ချီ လှုပ်ရှားနေသည်။ မည်မျှနီးကပ်နေသည် ဆိုသည်မှာ သူ့ဆီက ကိုယ်နံ့တစ်မျိုးတောင် Baekhyun ရနေသည်။ လူတစ်ယောက်ရဲ့ ချွေးနံ့ရောတဲ့ ကိုယ်နံ့ဟာ ဘာကြောင့်များ သူ့အတွက် စိတ်ရှုပ်ဖွယ်ဖြစ်နေရသလဲ။ အသက်ရှူထုတ်လိုက်တိုင်း ကျီစယ်နေတဲ့ ထွက်လေနွေးနွေးဟာ ချွေးစို့နေတဲ့ Baekhyun နဖူးပြင်တွေကို ရိုက်ခတ်ကာ အေးမြစေတယ်။ ပြီးတော့ ထိကပ်လာတဲ့ နှုတ်ခမ်းတစ်စုံဟာ နဖူးပြင်က ချွေးစတို့အပေါ်မှာ မှီတည်လို့။ ဒီလူ မရွံတတ်လေသလား။ အပေါ်စီးကနေ ငုံ့မိုးကြည့်နေသူကတော့ ပြုံးလို့ ပျော်လို့။ သူလူမှ ဟုတ်ရဲ့လား။

အနားကနေ ကပ်ကျော်သွားတဲ့ ရဲနှစ်ယောက်လွန်သွားမှ သူတို့ထောင့်ချိုးလေးကနေ ထွက်လာခဲ့ကာ တစ်ဖက်လမ်းဆီကူးလိုက်သည်။ ထိုအခါမှ သိသိသာသာကို ဗိုက်ကဆာလာလေသည်။ တဂြီဂြီ တစ်ဂွမ်ဂွမ် အသံတို့ဟာ သက်သေထူလို့။

"ဗိုက်ဆာပြီလား တစ်ခုခုသွားစားကြရအောင်"

"အင်း"

ဆိုင်တစ်ဆိုင်ဆီဝင်ပြီး မှာဖို့လုပ်ချိန်မှာ သူက အလန့်တကြားထတားလေတယ်။

"ခဏ ခဏ
ခဏလေးနေမှ မှာမယ်နော်"

menu ကြီးကိုင်ပြီးမှားအံ့ဆဲဆဲ baekhyun အမြန်အရှိန်သတ်လိုက်ရတယ်။ ဗိုက်ကတော်တော်ကိုဆာနေတာ ဖြစ်တယ်။

Born A Life(complete)Where stories live. Discover now