အခန်း -၂ : အဖွဲ့ခေါင်းဆောင်ဟောင်းများ

508 63 14
                                    

Unicode

အခန်း-
အဖွဲ့ခေါင်းဆောင်ဟောင်းများ



အသင်းသားများက တစ်ယောက်ကို တစ်ယောက် မယုံကြည်နိုင်စွာ ကြည့်လိုက်ကြ၏ ။

ကျောက်ဖုန်းက သူ့ထိုင်ခုံကို ပိုသက်တောင့်သက်သာ ရှိသည့် အနေအထားသို့ရောက်အောင် ရွှေ့လိုက်ပြီး လေးရိလေးတွဲ ဆိုလာသည် -

"ငါ မင်းတို့ကို အခြေအနေကို နားလည်ထားအောင် ဒီကိစ္စကို အခုပြောပြလိုက်မယ် ။ မင်းတို့တွေ ကိစ္စတွေကို ရှင်းရှင်းလင်းလင်းသိထားမှပဲ သူထွက်အောင် လုပ်မယ့် စကားတွေ ဘာမှ မပြောမိအောင်"

"သူ ကျွမ်းကျင်ကစားသမားဘဝ မစခင်တုန်းက ရှစ်လော့က ကျောင်းစာဘက်မှာ တော်တယ် ၊ တော်ခဲ့တာမျိုး။ ရှစ်လော့ က အစကတော့ ဒီလမ်းကြောင်းပေါ် လျှောက်ချင်ခဲ့တာ မဟုတ်ဘူး ၊ မကြာမကြာ တိုက်ရိုက်ထုတ်လွှင့်တာမျိုးပဲ ရှိခဲ့တာ ၊ သူ့ရဲ့ မိသားစုကလည်း သေချာပေါက် သူ ဒီအလုပ်လုပ်မှာကို သဘောမတူဘူးပေါ့"

"ရှစ်လော့က အခုချိန်ထိ သူ့မိသားစုနဲ့ အဆက်အသွယ် မလုပ်ဘူး ။ သူ့မိသားစုနဲ့ အဆင်မပြေလို့လား ဘာလားလဲ ဘယ်သူမှ မသိကြဘူး ။ ဘယ်သူမှလည်း မမေးရဲကြဘူး"

"သူက အဲ့ဒီ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ အချိန်တွေကတည်းကိုက နာမည်ရနှင့်နေပြီ ။ တရုတ်ဆာဗာတွေမှာ နံပါတ်မြင့်မြင့် ချိတ်ခဲ့တာ ။ သိပ်မကြာပါဘူး အသင်းတွေအများကြီးက သူ့ကို ရှာတွေသွားကြတယ်လေ ။ အဲဒီ့တုန်းက ရှစ်လော့က Medic အဖြစ် ဆော့နေတုန်း ရှိသေးတယ် ။ medic ကောင်းကောင်းဆိုတာ အမြဲ လူမလောက်ဖြစ်နေတာဆိုတော့ သူ့ကို လှမ်းဆက်သွယ်တဲ့ အသင်းတွေ အများကြီးပဲ ။ သူကတော့ အကုန်လုံးကို ငြင်းခဲ့တယ် ၊ ငါ့ကိုရောပဲလေ ။ အဲဒီ့တုန်းက သူငါ့ကို ပြောတာကတော့ သူက ကျွမ်းကျင်ကစားသမား အဖြစ် မကစားချင်ဘူးတဲ့ ။ ဒါပေမဲ့ ဘယ်လိုအကြောင်းအရင်းကြောင့်လဲ မသိပါဘူး ၊ သူက Whisper တို့ အသင်းကို ဝင်ခဲ့တယ်"

"ဒါကြောင့် သူက အသင်းတော်တော်များများကို စိတ်ကွက်အောင် လုပ်မိသွားတယ် ။ အရှေ့မှာကျ ငါတို့ဆီကို လုံးဝကို ကျွမ်းကျင်ကစားသမား အနေနဲ့ ကစားမှာ မဟုတ်တာမို့လို့ သူ့ဆီကို လာပြီးတော့ အချိန်ဖြုန်းနေစရာမလိုပါဘူးလို့ ကျိန်ပြမတတ် ပြောနေခဲ့ပြီး နောက်ကွယ်မှာကျ Whisper တို့ဘက်ဆီ သွားနေရောလေ, ဟွန်း...."

FOG / မြူခိုးလယ် (မြန်မာဘာသာပြန်)Where stories live. Discover now