အခန်း ၃ : နားနေခန်းက ပြန်လည် ဆုံတွေ့မှု

229 29 4
                                    



Unicode

အခန်း -
နားနေခန်းက ပြန်လည်ဆုံတွေ့မှု

ကုကန်းသည်ကား စာများကို အဆက်မပြတ် ပို့နေဆဲ ။

[NSN-GU] : [လာမယ့် တနင်္လာနေ့ကျရင် သူက မင်းတို့အဖွဲ့နဲ့အတူ လက်ရည်သွေးပွဲစဥ်မှာ ရှိနေလိမ့်မယ် ။ သူတက်ပြိုင်မလား မပြိုင်မလားတော့ မဆုံးဖြတ်ရသေးဘူး]

[NSN-GU] : [အချိန်ကျလို့ မင်းသူနဲ့တွေ့တဲ့အခါ ပြဿနာမရှာနဲ့နော်]

[NSN-GU] : [ မင်းက ကလေးလည်း မဟုတ်တော့ဘူး]

[NSN-GU] : [ငါ ဒါကို ပြောပြဖို့ မလိုဘူးဆိုပေမဲ့ တော်ကြာ ပြိုင်ပွဲရောက်မှ မင်းရုတ်တရက်ကြီး သိလိုက်ရပြီး ကစားတာမှာ သက်ရောက်မှုရှိမှာစိုးလို့]

[NSN-GU] : [ပြိုင်ပွဲမှာ နိုင်နိုင်ရှုံးရှုံး ရာသီပွဲစဥ်အတွက် အသင်းရဲ့ အမှတ်ကို မသက်ရောက်ပေမဲ့ မတရားသဖြင့် အသာစီးရတာမျိုးတော့ ငါမလိုချင်ပါဘူး ။ မင်းစိတ်ကို စောစောစီးစီးပြင်ဆင်ထားသင့်တယ်]

ရှစ်လော့က အဝရယ်မောနေပြီးနောက် သတိလက်လွတ်ဖြင့် ဖန်သားပြင်ကို ငေးကြည့်နေမိသည် ။

အခုအချိန် NSN ရဲ့ စခန်းအလယ်မှာ ယွီဆွေ့က ကုကန်းရဲ့ ကွန်ပြူတာဘေးမှာ ရှိနေမလား မရှိဘူးလား မသိပါ ။

ကုကန်း သူ့ကို ကြိုတင်ပြင်ဆင်ထားဖို့ မှာကြားနေသည်ကို သူကြည့်နေလောက်မလား ။

ရှစ်လော့က သူ့လည်ကုတ်ကို ပွတ်လျက် တုံ့ပြန့်သည့်အနေဖြင့် မေးခွန်းတစ်ကြောင်း ရိုက်နှိပ်လိုက်သည် - [ဘာအတွက် ပြင်ဆင်ရမှာလဲ?]

[NSN-GU] : [?]

[IAC- Evil ] : [ကျွန်တော်က ပြိုင်ပွဲကွင်းမှာ သူနဲ့ ထိုးကြိတ်တော့မှာ မို့လို့လား?]

[IAC- Evil ] : [ ပြီးခဲ့တဲ့ ကိစ္စတွေပါ ၊ မေ့လိုက်တာကြာရောပေါ့]

[IAC- Evil ]: [ဒါနဲ့ စကားမစပ် စေတနာနဲ့ ပြောမလို့ ခေါင်းဆောင်ကုရေ ။ ကြည့်ရတာ ခင်ဗျားတော့ ပြဿနာတက်ပြီထင်တယ် ။ ကျွန်တော်က တိုက်ရိုက်ထုတ်လွှင့်နေတာ ]

[NSN-GU] : [........]

[NSN-GU] : [........မင်း]

ရှစ်လော့က အပြုံးလေးနှင့် စာရိုက်လိုက်သည် -

FOG / မြူခိုးလယ် (မြန်မာဘာသာပြန်)Where stories live. Discover now