Unicode
အခန်း-၁
သူပြန်လာပြီ
အချိန်ကား မနက် နှစ်နာရီ ၊ ရှန်ဟိုင်းရှိ IAC eSports အသင်း ၏ FOG ရုံးခွဲအတွင်းတွင်တော့ မီးထိန်ထိန်လင်းနေဆဲ ။လေ့ကျင့်ရေးပွဲစဥ်က ခုနကလေးတင် ပြီးသွားခြင်းဖြစ်သည် ။ ယခု နားချိန်ဖြစ်သဖြင့် ဌာနရှိ ကစားသမားများမှာ ရေချိုးသူချိုး အော်ဒါမှာစားသူကမှာနေကြ၏ ။ လေ့ကျင့်ရေးအခန်းတွင် ကျန်ခဲ့သူက သူ့ခုံတွင်ထိုင်ကာ ဂိမ်းကစားနေသည့် ရှစ်လော့ တစ်ယောက်တည်းသာ ရှိသည် ။
ရှစ်လော့က ဝီရိယရှိသောကြောင့်တော့ မဟုတ်ရပါလေ ။ လကုန်ခါနီးဖြစ်နေပြီး သူ့စာချုပ်အရ Live ထုတ်လွှင့်ချိန် နာရီ နှစ်ဆယ်ကျော် အကြွေးကျန်နေသေး၍သာ ဖြစ်ပါ၏ ။
ရှစ်လော့ ၊ Evil ၊ အသက် ဆယ့်ကိုးနှစ် ၊ ငယ်ငယ်ရွယ်ရွယ်နှင့် အရည်အချင်းအရာတွင် ဆရာတစ်ဆူ ၊ ဖြစ်ချင်တော့ ရုပ်ရည်ကလည်း ချောမောနေပြန်ပါသေး၏ ။ ပွဲဦးထွက်ပြီး နှစ်နှစ်အကြာတွင် သူက ပြည်တွင်း ထိပ်တန်းဂိမ်းကြယ်ပွင့်များထဲမှ တစ်ဦးအပါအဝင် ဖြစ်လာ၏ ။ သူသည် IAC အသင်း၏ မျက်နှာဖုံးဖြစ်ပါသလို သူတို့၏ ငွေသစ်ပင်နှင့် ပင်မထောက်တိုင် လည်းဖြစ်ပေသည် ။
သို့ပေသည့် အနှီကြယ်ပွင့် ကိုယ်တိုင်ကတော့ Live ထုတ်လွှင့်ရခြင်းကို သဘောမခွေ့လှပေ ။ ဒါပေမဲ့လည်း သူ့စာချုပ်အရ တစ်လလျှင် အနည်းဆုံး နာရီ ၃၀ Live လွှင့်ကို လွှင့်ပေးရမည် ဖြစ်၏ ။ မမျှော်လင့်ထားသော ကိစ္စမျိုး မရှိသရွေ့ အနည်းဆုံး ၂၉နာရီ လောက် ကို လကုန်မှသာ ကပ်ပြီး ထုတ်လွှင့်လိမ့်မည်သာ ။
လေ့ကျင့်ရေးပွဲစဥ် ပြီးပြီးချင်းမှာပဲ အသင်းမန်နေဂျာက ထပ်လှမ်းခေါ်လာပြန်သည် ။ ရှစ်လော့မှာ ထပ်အချိန်ဆွဲ၍ မရတော့သဖြင့် နောက်ဆုံးတော့ အလုပ်ချိန်ကို ပြန်ဖြည့်ဖို့ စတင်ရတော့၏ ။
Live စလွှင့်ပြီး နှစ်မိနစ် သုံးမိနစ်လောက်ပဲ ရှိသေးချိန်တွင် ရှစ်လော့၏ Live တွင် ကြည့်ရှုသူ သုံးသန်းကျော်နေနှင့်ပြီ ဖြစ်၏ ။ ကောမန့် စာမျက်နှာမှာ ထူထပ်ပွထလို့နေပြီး တစ်ခုပေါ် တစ်ခုဆင့်လျက် ဖတ်ကြည့်ဖို့တောင် မဖြစ်နိုင်လောက်သည်အထိပင် ။
VOUS LISEZ
FOG / မြူခိုးလယ် (မြန်မာဘာသာပြန်)
Roman d'amourခေတ်သစ် eSports + Male god vs Male god, Medic gong (seme) X Striker shou (uke) Chapters- 132+ 4 extra Author - Man Man He Qi Duo Genre - comedy, drama, yaoi, e-sports Translator - Karyan_shin Proof reader - Cloudy_Xing