အခန်း ၄ - သူ့ကို တစ်ဘဝလုံးပေးမိလုနီးပါးပါပဲ

293 25 4
                                    


Unicode

အခန်း-
သူ့ကို တစ်ဘဝလုံး ပေးမိလုနီးပါးပါပဲ

"... Evil?"

အသံလုံ မှန်ကာအခန်းထဲသို့ ဝင်ပြီး IAC အသင်းသားလေးယောက်က နေရာတွင် ထိုင်လိုက်ကြသည် ။ အသင်းထဲမှ sniper က သူ့ မိုက်ကရိုဖုန်းကို စမ်းရင်း အိုးတိုးအမ်းတမ်းနှင့် မေးလာသည် -

"မင်း အဆင်ပြေရဲ့လား?"

အသင်း၏ voice - chat မှ ထဲမှ ရှစ်လော့က စိတ်မပါ လက်မပါ ပြန်ဖြေလာသည် -

"အဆင်ပြေပါတယ်"

အသင်းဖော် သုံးယောက်လုံးက ရှစ်လော့ဆီ လှည့်ကြည့်လာ၏ ။ သူ့ကို ကြည့်ရသည်မှာ နည်းနည်းလေးမှ 'အဆင်ပြေ' ပုံမပေါ်ပါ ။

ရှစ်လော့တစ်ယောက် စင်္ကြန်လမ်းမှာ ယွီဆွေ့ကို တွေ့လိုက်ရပြီးကတည်းက လုံးဝ လူပြောင်းသွားသလို ဖြစ်လို့နေသည် ။ သူ့ အသားအရေကလည်း အသွေးအရောင်ဖြူစုတ်လို့နေပြီး အမူအရာကလည်း လုံးဝ ပြောင်းလဲသွားပါ၏ ။ သေချာကြည့်ကြည့်ပါက သူ့လက်များ အနည်းငယ် တုန်ယင်နေသည်ကိုပင် သတိထားနိုင်လိမ့်မည် ။

အခုလေးတင် ရှစ်လော့က လက်တုန်နေသဖြင့် သူ့ keyboard ကို ချိတ်နိုင်ဖို့ အကြိမ်ကြိမ်ကြိုးစားလိုက်ရကြောင်း သူ့အသင်းသားများ သတိထားမိသွားသည် ။ သူက ၄င်းကို အားနှင့် ထိုးထည့်လိုက်သဖြင့် သူ့ဘေးက medic ကပင် သူ USB interface ကို ဖျက်စီးမိမည်ကို စိုးရိမ်သွားရ၏ ။

ယခု ရှစ်လော့နှင့် ပုံမှန် ရှစ်လော့က အကွာကြီး ကွာခြားလို့နေတော့သည် ။

Sniper က ပြိုင်ပွဲမစမီ စိတ်တင်းအား ဖြေလျှော့ပေးဖို့ ကြိုးစားကြည့်ပေမဲ့ ကံမကောင်းစွာနှင့် ဤသူက အကင်းအပါးဆုံးသူ မဟုတ်လေရာ သူက အနာပေါ်မှ ဆားဖြူးမိသွားသည် -

"ခု - ခုနက တကယ်ကြီး Whisper ပေါ့! ဝါး ၊ သူက အများကြီး ပြောင်းလဲသွားတာပဲ! ကျွန်တော်လည်း သူ့ပရိတ်သတ် တစ်ပိုင်း ဆိုပေမဲ့ သူ့ကို လုံးဝ မမှတ်မိဘူး ။ ရှစ်ကောက တကယ်ပဲ မျက်လုံးကောင်းတာပဲ

Medic ဖြစ်သူက sniper ကောင်လေးအား ထိတ်ထိတ်လန့်လန့်ရုပ်နှင့် လှမ်းကြည့်ကာ အခြေအနေကို ဝင်ကူဖို့ ကြိုးပမ်းကြည့်သည် -

You've reached the end of published parts.

⏰ Last updated: Feb 23, 2023 ⏰

Add this story to your Library to get notified about new parts!

FOG / မြူခိုးလယ် (မြန်မာဘာသာပြန်)Where stories live. Discover now