part 1

48 8 2
                                    

ခြံဝန်းကျယ်ကြီးတွင်အထီးကျန်စွာရှင်သန်နေထိုင်သော မိန်းမပျိုတစ်ဦးသူမ၏အသက်ကာ14နှစ်ရှိချေဘီ..အိမ်ရှေ့ပန်းဉယဉ်တစ်ခုတွင် ထိုင်ကာတစ်ခု"ကိုစဉ်းစားနေဟန်..ဘယ်လောက်တောင်စဉ်းစားနေလဲဆိုရင် ညနေ 3နာရီထဲကထိုင်နေတာ ခုဆို 4နာရီ‌တောင်ထိုးနေလေဘီ....ဤမိန်းမပျိုလေးရဲ့နာမည်က‌တော့"မြစိမ်း"ပေါ့ ...
တစ်ခါတစ်ရံ အတွေးလွန်ပြီး စိုးရိမ်ထိတ်လန့်နေတက်သေးသတဲ့...သူမဘာကိုအတွေးလွန်နေသလဲ သူမကိုတိုင်ပင်မသိတော့ချေ ။
ဤသို့ဖြင့် သူမဒီခြံကြီးထဲမှာရှင်သန်လာခဲ့တာ သူမအသက်ပင် 20 ကျော်လာခဲ့ချေဘီ။ တစ်နေ့တော့...

" စိမ်းရေ ဦးလေးတို့ဘုရားပွဲသွားရအောင်လား ကြီးမေကလဲ ဒီနှစ်ဘုရားပွဲသွားချင်လို့တဲ့လေ။"

ဒါကတော့ မိဘတွေဆုံးသွားပြီးထဲကကျွန်မကိုပြုစုလာခဲ့တဲ့ကြီးမေနဲ့ ဦးလေးပေါ့ ငြင်းလိုက်ပြန်ရင်လဲမကောင်းပြန်ဘူးလေ ဒါပေမယ့် စိမ်းမှမသွားချင်တာ ငြင်းလိုက်တာဘဲကောင်းပါတယ်လေ

"အို...စိမ်းတော့ ဘယ်ကိုမှမသွားချင်ပါဘူးဦးလေးစိုးကြည်ရယ် လူများတဲ့နေရာတွေ စိမ်းမကြိုက်တာ ဦးလေးစိုးကြည်လဲသိရက်နဲ့ ဘယ်နှယ့်များစိမ်းကိုလာခေါ်နေရသလဲ သွားချင်ရင် ဦးလေး‌စိုးကြည်နဲ့ ကြီးမေပုသာသွားပေတော့ အိမ်မှာစိမ်းတစ်ယောက်တည်းလဲအဆင်ပြေတယ်.."

"အဲ့လိုလဲမဟုတ်သေးဘူးလေ မြစိမ်းရယ် ကြီးမေတို့ကဟိုဘက်ရွာကိုသွားကြမှာ အနည်းဆုံးလှည်းနဲ့ဆို ၄နာရီလောက်ကြာမှာ အကယ်၍ပြန်ရင်မိုးချုပ်မှာမို့မပြန်ဘဲအဲ့ရွာမှာအိပ်ရင်အိပ်ရမှာ ကြီးမေတို့က စိမ်းကိုဘယ်လိုစိတ်ချပါ့မလဲ"

"အို..ရှုပ်"ရှက်"တွေပါ ဒီမယ်ကြီးမေ စိမ်းကအခုကလေးမဟုတ်တော့ဘူး အသက်20ပြည့်ပြီးပြီ စိမ်းကိုစိတ်ပူမနေပါနဲ့"

"ဒီမယ်စိမ်း ကြီးမေကစိတ်ပူလို့ပြောတာကို ဘာလို့ခံပြောနေရတာလဲ ဦးလေးစိုးကြည်မကြိုက်ဘူးဏော် မြစိမ်း"

"မကြိုက်ရင်နားမထောင်နဲ့ပေါ့ဦးလေးရယ် စိမ်းက ဦးလေးကြိုက်အောင်ပြောနေတာမှမဟုတ်ဖဲ..ကိုယ့်ဘာသာကိုယ်သာဂရုစိုက်ပြီးသွားကြစမ်းပါ အသက်ကဖြင့် ကြီးနေဘီ..တော်ကြာတစ်ခု"ဖြစ်သွားမှဖြင့် "

" တိတ်စမ်း မြစိမ်းး မင်းကိုငယ်"လေးထဲကခုချိန်ထိကျွေးမွေးပြုစုလာတဲ့‌ကျေးဇူးကိုမှမထောက် မင်းကခု‌တော့ ကိုယ့်ဦးလေးနဲ့ကြီးမေကိုပြန်ပြောနေပြီပေါ့ "
" ဒီမယ် ဦးလေး မဆိုင်တာတွေမပြောပါနဲ့ မြစိမ်းဆိုတဲ့မိန်းမက သူများတွေလို ပျော့ညံ့‌နေတဲ့မိန်းမမျိုးမဟုတ်ဘူး ဦးလေးတို့မရှိလဲတစ်‌ယောက်တည်းရပ်တည်နိုင်တယ် "
" မြစိမ်း ကိုယ့်ဦးလေးကိုဘယ်လိုပြောလိုက်တာလဲကွယ်"
"ကြီးမေကြားတဲ့အတိုင်းဘဲ စိမ်းကိုအဲ့လိုမျိုးဘယ်တော့မှထပ်မပြောမိပါစေနဲ့"
*စကားကုန်ပြောကာ အိမ်ပေါ်တက်သို့တက်သွားသော အိမ်ရဲ့အရေးပါတဲ့သူဆိုလဲမမှားနိုင်သလိုဒီအိမ်ရဲ့အရှင်သခင်ဆိုလဲမမှားတဲ့နှစ်ယောက်မရှိတဲ့ စိမ်းတစ်ယောက်ပါလေ*
စိမ်းက ချောမောတယ် လှပတယ် ပြတ်သားတယ် တည်ကြည်တယ် ရက်စက်တယ် ထင်ရပေမယ့်တကယ်တမ်းကျ သ‌ဘော‌ကောင်းတယ် အတ္တမာနကြီးတယ် သလို ဂုဏ်သိက္ခာကိုလုံးဝအထိမခံ တဲ့သူမျိုး သူမကချမ်းသာတယ် အရာအာလုံးပြည့်စုံနေတဲ့သူတစ်ဦး အချစ်ကတော့ခြွင်းချက်ပေါ့လေ
လိမ္မာလားဆိုတော့မလိမ္မာဘူး သူမကဆိုးသွမ်းတဲ့မိန်းမပျိုတစ်ယောက်ဘဲ သူမမိဘတွေ ရှေ့‌ဆင့်နောက်ဆင့်ဆုံးပါးသွားပြီးထဲက စိတ်အခြေ‌အနေကလဲမကောင်းဖျားကလဲဖျားတော့ အိပ်ယာထဲ ၁ လ‌ လောက်လှဲလိုက်ရသေးတယ် ....
" ဒီတိုင်းဆိုရင်စိမ်းကို ဘယ်လိုလုပ်ရမလဲ ကြီးမေလဲမသိ‌တော့ပါဘူး စိုးကြည်ရယ် ဟင်းးး "
"ကျွန်တော်လဲ ဘာဆက်လုပ်ရမလဲကိုမသိတော့ဘူးပါဘူးကြီး‌မေရယ် ခုတော့ ညနေမစောင်းခင် ကျွန်တော်တို့ သွားကြရအောင် ကြီးမေ ရှေ့မှာနွားလှည်းရောက်နှင့်နေလောက်ရောပေါ့ "
" အင်းသွားကြရအောင် စိုးကြည်"
" စိမ်း‌ရေ ကြီးမေတို့သွားဘီနော် "

*ခြံရှေ့ကနေရပ်အော်လိုက်ခြင်းသာ*
ထို့နောက်နွားလှည်းလေးကတော့ ထွက်သွားခဲ့ချေဘီ
အခန်းထဲမှာ ဆေးပြင်းလိပ်ကို တမေ့တမော‌အခန်းပြတင်းပေါက်မှာရပ်ကာ သောက်နေတဲ့စိမ်းကတော့ အရာအာလုံးကို ကျောပေးလျက်သာတိတ်"လေးကြေကွဲနေသတဲ့*

မှတ်ချက်_*ဖတ်မယ့်သူမရှိရင် ဒီ fic ကိုဖြတ်ချလိုက်တော့မယ်*

မြကျောက်Where stories live. Discover now