မြစိမ်းခြံထဲပတ်ကြည့်ပြီး အိမ်ထဲသို့ပြန်ဝင်မလို့လုပ်တုန်း
"ဟိုလေ ဒီကအမိက ဒီခြံကိုဒီနေ့မှပြောင်ူလာတဲ့အသစ်ထင်တယ်"
မြစိမ်းဘာမှပြန်မပြောမိပါသူမ သူ့အရှေ့ကထိုလူသားကိုစေ့"စပ်"ကြည့်နေတုန်းဘဲ
"ဟိုလေ ကျွန်တော့နာမည် ကိုသာကျော်ပါ အမိ အမိတို့ဘေးခြံကလေ "
"တို့ကရှင့်ကိုမေးမိလို့လား ?"
"ဟမ်အော်အင်း မ မမေးမိပါဘူးဗျ"
သူမမချိပြုံးပြုံးလိုက်သည်။
ဟမ်သူငါ့ကိုမချိပြုံးပြုံးပြလိုက်တာလား ဒီအမိကဘယ်လိုမိန်းကလေးလဲဟ
"ဟိတ်ဒီမှာဒီမှာ ဘာတွေကြောင်ကြည့်နေတာလဲ ပြောစရာမရှိဘူးသွားတော့လို့ အော်တယ်ခက်သကို"
သူမလဲပြောပြီးချင်းအိမ်ထဲသို့လှည့်ဝင်သွားသည်
"ဝင်လဲ့ မြစိမ်းကို သံပုရာရည်လေးတစ်ခွက်လာပို့ပေးစမ်းပါ"ဟုဆိုကာလှေကားပေါ်သို့တက်သွားသည် အလယ်နားရောက်ခါမှပြန်လှည့်၍ သံပုရာရည်ချဉ်"လေးဏော်လို့လှည့်အော်လိုက်သေးသည် ။
သူမအခန်းထဲသို့ရောက်ပြီးမကြာမှီ သံပုရာရည်ကိုကိုင်ပြီးဝင်းလဲ့အခန်းတံခါးခေါက်လာသည်
"ဒေါက် ဒေါက် ဒေါက်"
"စိမ်း အယ်ဟို မြစိမ်း ဒီမှာသံပုရာရည်ရပါဘီ"
"အင်း..ထားခဲ့လိုက်ဝင်းလဲ့"
"ဟိုလေ ဝင်းလဲ့တစ်ခုလောက်မေးလို့ရမလား "
မျက်ခုံးတစ်ဖက်တွန့်ပြလိုက်ကာမေးဟုအချက်ပြလိုက်သည်။
"ဟိုလေ မြစိမ်းနဲ့ ဟိုဘက်ခြံက ကိုသာကျော်နဲ့ကသိကြတာလား"
"ဒီမယ်ဝင်းလဲ့အရည်မရအဖတ်မရပြောနေမယ်ဆို မင်းကိုတို့စိတ်ဆိုးရလိမ့်မယ် ပြီးတော့ သူတို့နဲ့ကလဲ အကွာကြီးပါ "
"ဟုတ် ဟုတ် ဝင်းလဲ့က ခုဏမြစိမ်းနဲ့ကိုသာကျော်စကားရပ်ပြောနေတာတွေ့မိလို့ပါ"
"ဒီမယ်ဝင်းလဲ့ သူနဲ့တို့နဲ့ကဘာမှမပတ်သတ်ဘူး "
"ဟုတ် မြစိမ်း ဝင်းလဲ့ကိုခွင့်ပြုပါအုန်း"
မြစိမ်းခေါင်းငြိမ့်ပြလိုက်သည် စကားပြောချင်စိတ်မရှိပါ မိန်းမသားတစ်ယောက်ဖြစ်ရသည်မှာလဲ ဟိုယောက်ျားနဲ့စွပ်စွဲခံရဒီယောက်ျားနဲ့စွပ်စွဲခံရ မြစိမ်းဒါတွေကိုတကယ်မကြိုက်ပါ။
သူမဆေးပေါလိပ်တစ်ခုကိုယူကာမီးညှိရင် တစ်ခါရှိုက်လိုက်သည် ထို့နောက်နှာခေါင်းပါးစပ်မှ အငွေ့လှိုင်"များထွက်ပေါ်လာသည်။
"တကယ်စိတ်ပျက်စရာကြီးတွေပါပေါ့လား ဟင်းးး"
သူမသက်ပြင်းရှည်ကြီးချကာ အိပ်ဆက်အနားယူလိုက်သည်။နောက်နေ့မနက်၌
"မြစိမ်း ကြီးမေတို့ဈေးသွားမလို့ဘာမှာအုန်းမလဲ"
"ဘာမှမှာချင်စိတ်မရှိပါဘူး အော်ဒါနဲ့ဘာမှမဟုတ်တော့ပါဘူး သွားစရာရှိတာသွားကြပါ"
"ဦးလေးစိုးကြည်မြစိမ်းပြောစရာရှိလို့ဧည့်ခန်းထဲခဏလောက်"
"အော်အင်းမြစိမ်း"
"မြစိမ်းအလုပ်တစ်ခုလုပ်မလို့ ဦးလေးစိုးကြည်"
"မြကဘာအလုပ်လုပ်မို့တုန်း မလုပ်ပါနဲ့လားကွယ်"
"ဒီမယ်ဦးလေးစိုးကြည် မြစိမ်းတိုင်ပင်နေတာမဟုတ်ဘူး ပြောပြတာ ဦးလေးစိုးကြည်ဝင်ပြီးပြောခွင့်မရှိဘူး "
"အဲ့တာဆိုလဲ မြစိမ်းရယ် မြစိမ်းအဖေထားခဲ့တဲ့ဆန်ကုမ္ပဏီကိုဦးစီးလိုက်ပါလားကွယ် "
"အင်းမြစိမ်းလဲစဉ်းစားနေတာ အခုအဲ့ဆန်ကုမ္ပဏီကိုဦးစီးမလို့လေ"
"အင်းကောင်းပါတယ် "
"အဲ့တာဆိုမြစိမ်းမနက်ဖြန်ဘဲသွားလိုက်တော့မယ်"
ဆိုကာအိမ်ပေါ်တက်သွား၏နောက်တွင်ကျန်ခဲ့သည့်ဦးစိုးကြည်ကတော့ ခေါင်းတစ်ခါ"ဖြင့်ကျန်ခဲ့လေသည်။
YOU ARE READING
မြကျောက်
Ficción General"စိမ်း" မြကျောက် အရောင်က မြစိမ်းရောင် တို့နာမည်က"မြစိမ်း" စိမ်းကချစ်မိပြီဆို ကိုယ်ချစ်တဲ့လူကိုအဆုံးထိကာကွယ်မှာ စိမ်းအသက်ကိုပေးဆိုရင်တောင်ပေးရဲတယ်..