Part 2

23 4 0
                                    

  "မြစိမ်းတော့ ပြန်ပြောမိတာကိုမှားတယ်လို့မထင်မိပါဘူး ဦးလေးတို့ကသာ မြစိမ်းကိုအပစ်မြင်နေကြတာ "

ထိုသို့ပြောကာ‌ သောက်လက်စဆေးပြင်းလိပ်ကို မီးသတ်ပြီး အိပ်ယာဝင်သွားတော့တယ်။

*ဤသို့ဖြင့်မနက်နေရောင်ခြည်မိုးသောက်ချိန်တွင်*

  "မြစိမ်းရေ ကြီးမေတို့ပြန်ရောက်ဘီ ဒီမှာမြစိမ်းကြိုက်တဲ့ သနပ်ခါးပန်းလေး ကြီးမေ‌တို့တွေ့လို့ဝယ်လာခဲ့တယ်ကွဲ့"
   "အို..မြစိမ်းကိုသနပ်ခါးပန်းပေး မြစိမ်းခြံထဲမှာသွားစိုက်လိုက်မယ်"
  "ဒီမှာလေ မြစိမ်း ဒါနဲ့စိမ်းဦးလေးကိုသွားမတောင်းပန်ဘူးလား စိမ်းရယ်ကြီးမေတော့ စိမ်းနဲ့စိုးကြည်ကြားမှာ အမုန်းတရားတွေ မထားစေချင်ဘူးကွယ်"
  "ဒီမယ်ကြီးမေပု စိမ်းမှားတာမဟုတ်လို့စိမ်းမတောင်းပန်နိုင်ဘူးကြီးမေ ဒီစကားများတာကိစ္စမှာစိမ်းမှန်တယ် ဦးလေးကသာစိမ်းကိုတောင်းပန်ရမှာပါ သူတောင်းပန်လဲ စိမ်းခွင့်လွှတ်မယ်မခွင့်လွှတ်ဘူးဆိုတာ စိမ်းဘဲဆုံးဖြတ်မယ် ကြီးမေဝင်ပါစရာမလိုဘူး"
*ဖြောင်း*
*စကားဆုံးတာနဲ့ပါးပေါ်ကျလာတဲ့လက်တစ်စုံ*
"ဦးလေးစိုးကြည်ကခုတော့ကိုယ့်တူမကိုတောင် ပါးရိုက်ပြီပေါ့ အရင်ကတော့ ရွှေလိုဉထားပြီးတော့ခုကြ‌တော့ဟမ်"
"မြ မြစိမ်း ဦး ဦးလေးတောင်းပန်ပါတယ် ဦးလေးမရည်ရွယ်ပါဘူး"
" အို ဦးလေး‌တောင်းပန်‌တော့ရော မြစိမ်းကခွင့်လွှတ်ပေးရမှာတဲ့လား ဒီမှာဦးလေး ဒီနေ့ကစပြီးစိမ်းလုပ်ချင်တာလုပ်မယ် ဦးလေးနဲ့ကြီး‌မေပုတို့ဝင်ပါစရာမလိုဘူး"
"မနက်ဖြန်ရထားနဲ့ ရန်ကုန်မှာ အဘွားမဆုံးခင်ကပေးခဲ့တဲ့ခြံကိုပြောင်းကြတာပေါ့ ဒါစိမ်းရဲ့နောက်ဆုံးစကားဘဲ ဘာမှအထွန့်မတက်ကြနဲ့"
*ထိုသို့ပြောကာအခန်းထဲသို့ဝင်သွားသောစိမ်း မီးဖိုချောင်မှာတင်ထားတဲ့သနပ်ခါးပန်းလေးကတော့ မီးအရှိန်ကြောင့် ငြိုးနွမ်းလျက်သာ*
"ကြီးမေတို့ လွန်သွားပြီထင်တယ် စိုးကြည်"
"ကျွန်တော်မှားသွားတာပါကြီးမေရယ် ခုတော့မြစိမ်းပြောတဲ့အတိုင်းဘဲ ရန်ကုန်ပြောင်းကြရတာပေါ့"
"အင်းပါစိုးကြည်ရယ် မင်းကလဲနောက်တစ်ခါစကားများရင်လက်မပါမိစေနဲ့"
အပေါ်ထက်တိတ်ဆိတ်နေတဲ့အခန်းထဲရှိ အင်္ဂလန်မှတင်သွင်းတဲ့ဝီစကီနဲ့ မြန်မာ့ ဆေးပြင်းလိပ်ကို အလွန်အကျွံသောက်နေသောမြစိမ်းကို‌တော့ ဘယ်သူမှ သတိမထားမိခဲ့ပါချေ။
"မြစိမ်းကအမြဲမှန်တယ် မြစိမ်းကိုအပြစ်မြင်တဲ့ဦးလေးတို့ကြီးမေတို့ကသာမှားနေတာ စိမ်း စိတ်ညစ်တိုင်း ဆေးလိပ်နဲ့အရက်ကို သောက်တာဦးလေးတို့မှမသိဘဲ အိုသိရင်လိုက်တားနေအုန်းမယ် ဦးလေးတို့က တကယ်စိတ်ပျက်စရာကြီးတွေပါပေါ့လား"
ထိုသို့ဖြင့် အဘွားမဆုံးခင်ကပေးခဲ့တဲ့ခြံသို့မနက် ၅နာရီ ရထားဖြင့်ထွက်ခွာဖို့အိမ်မှမနက်4နာရီခွဲ၌ထွက်ခဲ့ချေဘီ။
ရထားဂိတ်‌တွင် ရထားမလာသေးသောကြောင့်စောင့်နေခဲ့ရသည်မှာ နာရီဝက်ပင်ရှိနေခဲ့ဘီ။
"မမ သားတို့ကိုမမလက်ထဲကထမင်းထုပ်‌လေးပေးပါလား သားတို့ဗိုက်ဆာလို့ပါ မမ"
"အိုကွယ် ရှုပ်"ရှုက်"တွေပါ ဒီမယ်ကလေးတွေ မင်းတို့ငါ့ဆီလာ‌တောင်းလို့ဘာမှမရဘူး တစ်ခြားသွားတောင်းစမ်းပါကွယ်"
"မြစိမ်း ကလေးတွေဗိုက်ဆာလို့နေမှာပါ လက်ထဲက ထမင်းထုပ်လေးပေးလိုက်ပါကွယ်"
"အို..ဒီမယ်ကြီးမေ ဒီထမင်းထုပ်က မြစိမ်းဗိုက်ဆာရင်စားဖို့ ချန်ထားတာကြီးမေရဲ့ ပေးချင်ရင် ကြီးမေ ထမင်းထုပ်ပေးလိုက်ပါဘော့လား"
"ရထားဆိုက်လာဘီ ဦးလေးတို့သွားရအောင် မြစိမ်းနဲ့ကြီးမေ"
*ရထားသို့မတက်ခင်*
"အင်းးးးးး ဦးလေး "
"ပြောလေမြစိမ်း"
"ခုဏကလာတောင်းနေတဲ့ကလေးတွေမိဘမရှိဘူးနဲ့တူတယ် သူတို့လဲဗိုက်ဆာနေရောပေါ့ မြစိမ်းရဲ့ ထမင်းထုပ်လေးသွားပေးပေးပါလား ဦးလေးရယ်"
"ဦးလေးသွားပေး ပေးပါ့မယ်"
ဦးလေးထမင်းထုပ်သွားပေးတော့ ခုဏကကလေး ၃ယောက်မှာ ရွှေထုပ်ကောက်ရသလိုပျော်ရွှင်နေတဲ့မျက်နှာကိုကြည့်ပြီးပီတိဖြစ်မိပါတယ် မင်းတို့ကောင်း"စားကြ‌နော်လို့သာစိတ်ထဲကရေရွတ်မိတော့တယ်။
  နောက်ဆုံးတော့ရထားလေးလဲ ရန်ကုန်ဘူတာသို့ဆိုက်ရောက်ခဲ့ချေဘီ။

မြကျောက်Where stories live. Discover now