part 3

15 3 0
                                    

ရထားလေးလဲရန်ကုန်ဘူတာသို့နောက်ဆုံး‌တော့စိုက်ရောက်ခဲ့ချေဘီ။

   ထို့သို့ဖြင့်ရထားဂိတ်ကထွက်ကာ သုံးဘီဆိုက်ကယ်လေးနှစ်စီးကိုငှားပြီး အဘွားမဆုံးခင်ကပေးခဲ့တဲ့ အိမ်ကြီးဆီသို့သွားနှင့်ခဲ့ကြပေသည်။
သွားတဲ့တစ်လျှောက်မှာလဲ ကားတွေဆိုတာများပြားလှပါသပေါ့လား။

နောက်ဆုံးတော့အိမ်ကြီးဆိုသို့ရောက်လာခဲ့ချေဘီ။အိမ်ကြီးမှာလွန်ခဲ့တဲ့10နှစ်လောက်ကဆောက်ထားသော်လဲအလွန်ကိုမှကြည့်ကောင်းလှသည်။

ထိုသို့ဖြင့် သုံးဘီဆိုက်ကယ်လေးပေါ်မှဆင်ကာအိမ်ထဲဝင်ဖို့အလုပ် နောက်မှဦးလေးစိုးကြည်နဲ့ကြီးမေပုကို စကားလှမ်းပြောလိုက်

  "ဦးလေးစိုးကြည် အိမ်မှာချက်ပြုတ်ပြီး အိမ်လုံခြုံရေးအတွက် မြစိမ်း မောင်ဘညိုနဲ့ဝင်းလဲ့ကိုခေါ်ထားတယ် အထုပ်တွေသယ်ဖို့ကတော့ခဏနေကောင်လေးတစ်ယောက်ရောက်လာလိမ့်မယ် သူကအထုပ်တွေရွေ့ပြီးရင်ပြန်မှာ"

   ထို့နောက် အိမ်ထဲသို့လှည့်ပတ်ကြည့်ပြီး ဦးလေးစိုးကြည်မှပြန်ပြောပေသည်။

  "မြစိမ်းဒါတွေကတော့ ဦးလေးစိုးကြည်‌တို့လဲလုပ်နိုင်ပါတယ်ကွယ် "

  ‌အဆင့် 20ကျော်လောက်ရှိတဲ့လှေကားကနေအပေါ်သို့တစ်‌ဖြေးဖြေးညှင်သာစွာတက်သွား‌သောမြစိမ်းမှာ အရာရာလှစ်လှူရှလျက်သာ
"ဟင်းးး နောက်ဆုံးတော့အဘွားအမွေပေးခဲ့တဲ့အိမ်ကိုရောက်လာခဲ့ဘီ ။

ထို့သို့ပြောကာ လက်ထဲမှ ဆေးပြင်းလိပ်ကို ဖွာလိုက်ကာ သူမ၏နှာခမ်းဖျားမှ ညစ်ညမ်းသော အငွေ့များစွာထွက်လာပေသည်။

*ဒေါက် ဒေါက် ဒေါက်*

"မြစိမ်းကြီးမေပါ"

"ဝင်ခဲ့ကြီးမေ"

ထို့သို့ခွင့်ပြုသံကြားပြီးနောက် ကြီးမေပုဘာကိုမှမတုန့်ဆိုင်းဘဲတံခါးကိုဖွင့်ကာဝင်လာလိုက်သည်။

   "စိမ်းး စိမ်းခေါ်ထားတဲ့ဝင်းလဲ့နဲ့‌မောင်ဘညို တို့ရောက်လာဘီကွဲ့"

"အင်းး"

"အဲ့တာ"

"အဲ့တာဘာဖြစ်လဲကြီးမေသူတို့ရောက်လာရင် သူတို့ကိုအလုပ်ခိုင်းလိုက်ပေါ့ ပြီးရင်ကြီးမေနဲ့ဦးလေးစိုးကြည်တို့နားလိုက်ကြတော့"

"ဟုတ်ပါဘီ မြစိမ်းး"

"ကြီးမေ "

"ဟင်"

"ဘာမှမဟုတ်တော့ပါဘူး"

ကြီးမေထွက်သွားတော့မှ လက်ထဲကဆေးလိပ်တိုလေးကိုမီးသတ်လိုက်ကာ ကုတင်ပေါ်ဝင်လှဲလိုက်သည်။

ဘယ်လောက်တောင်မြစိမ်းကြာ"အိပ်ပျော်သွားလဲမသိပေ ညနေ 3နာရီလောက်မှနိုးတော့သည်။
ထိုသို့ဖြင့်ရေမိုးချိုးကာ မှန်တင်ကုန်ရှေ့တွင် ထိုင်၍ သူမ၏နှာခမ်းပါးလေးကို ပါးရောင်ဆေးများခြယ်သထားသည်။ပန်းရောင်ဝမ်းဆက်လေးကိုဝတ်ကာ ဆံနွယ်များကိုလဲ နောက်တင်ထုံးပီးဘေးသို့အရှည်လိုက်ချထားသော သူမမှာ သိပ်ကိုကျက်သရေရှိလှသည်။

သူမပြင်ဆင်ပြီးနောက်ခေါင်း‌တွင်နှင်းဆီပန်း ပန်းရောင်ကို ပန်ဆင်ကာ အောက်ထက်သို့ညှင်သာစွာဆင်းလာခဲ့သည်။ထိုချိန်ဝင်းလဲ့မှ

"စိမ်းတို့ကတော့ဘယ်အချိန်ကြည့်"လှနေပါသဘော့လားဝင်းလဲ့တောင်မနာလိုဖြစ်လာမိဘီ"

မြစိမ်းမကြိုက်ပါသူမကိုဒီလိုလိုက်ကြည့်ပြီးပြောတာကိုသူမသဘောမကျပါ ထိုအခါ သူမရီတာလဲမဟုတ်မရီတာလဲမဟုတ် မချိပြုံး ပြုံးလိုက်ပြီးထိုသို့ဆိုလေသည်။

"ဒီမယ်ဝင်းလဲ့ အလုပ်မရှိဘူးလား မင်းတို့ကိုဘဲလိုက်ကြည့်နေမှာလား ကိုယ့်အလုပ်ကိုသွားလုပ်စမ်းပါ တို့ကိုကြည့်လို့အလုပ်တွေကပြီးမှာတဲ့လား ဟမ် "

"အဲ့လိုလဲမဟုတ်ပါဘူးစိမ်းရယ် ဝင်းလဲ့ကဒီတိုင်းပြောလိုက်တာပါ "

*ထိုအချိန် ကိုဘညိုမှ*

"ဟုတ်ပါ့စိမ်းရယ်ဝင်းလဲ့ကဒီတိုင်းပြောလိုက်တာနေမှာပါ ဝင်းလဲ့ကိုသိပ်လဲဆူမနေပါနဲ့"

"ဝင်းလဲ့နင်လဲနောက်ဆိုအပြောအဆိုဆင်ခြင်"

"ဟုတ်ကဲ့အကိုဘညို"

"အိုရှက်"ရှုပ်"တွေမြစိမ်းမကြိုက်ပါဘူးကွာ မြစိမ်းဆူတာမခံချင်ရင်မြစိမ်းကြိုက်တာမလုပ်နဲ့ပေါ့"

သူမဆူကာခြံထဲသို့ဆင်းသွားပြီးခြံထဲရှိ နှင်းဆီပန်းရောင် ၊အဝါရောင်၊အနီရောင်၊အဖြူရောင် စသဖြင့်ရှိသမျှပန်းတွေရဲ့ရနံ့ကိုတစ်ဝကြီးရှူရှိုက်နေသတဲ့...ပန်းလေးတွေက မြစိမ်းကိုကြိုက်လို့ထင်ပါရဲ့ ပျော်ရွှင်နေသယောင်

Up နောက်ကျသွားလို့ဟောဒီကအချောလေးကိုခွေးလွှတ်")
ဖတ်တဲ့လူမရှိရင်ဆက်မရေးဘဲ အန်လိုက်ပါတော့မယ်လို့

 

မြကျောက်Where stories live. Discover now