Zawgyi
သူတို့7ယောက်sojuဆိုင်ထဲကပြန်ထွက်လာသောအခါ အကုန်လုံးက လမ်းကောင်းကောင်းတော့လျှောက်နိုင်သေးပေမဲ့မျက်လုံးကတော့မနည်းပြူးထားရသည်။
nj"ဟေး ဘယ်လိုပြန်မှာလဲ…ငါကားပါမလာဘူး taxiနဲ့လာတာမို့jinieလေးကိုပဲလိုက်ပို့နိုင်မယ်…imm jungkookနဲ့jiminကအိမ်မဝေး လို့ ဒီတိုင်းပြန်လို့ရတယ် yoongiနဲ့hoseokက ……"
namjoonသည် အာလေးလျှာလေးဖြင့် လက်ညိုးထိုး၍လူခြောက်ယောက်ကိုစီမံခန့်ခွဲနေသည်။
yg"ငါသုနဲ့ပြန်လိုက်မယ်…လမ်းကြုံတယ် သူ့ကိုပို့ပြီးအိမ်ပြန်လိုက်မယ် taxiခသက်သာတာပေါ့"
hs"ဘာ!…ခင်များနဲ့ဘာလို့ပြန်ရမှာလဲ…ရှုပ်ရှုပ်ရှက်ရှက်"
လက်ပိုက်ထားလျက်hoseokက yoongiကိုစွေစောင်းကြည့်၍ခေါင်းတခါခါဖြစ်နေသည်။Min yoongiလို အမြဲတယောက်တည်းဖြစ်လေကောင်းလေဆိုတဲ့ လူက taxiခချွေတာချင်လို့သူနဲ့အတူပြန်မယ်တဲ့။ဖြစ်ရလေ။ကားပေါ်မှာတင်အိပ်ပျော်သွားလို့ ရုပ်ရှင်ဆန်ဆန် အိမ်ထိတွဲခေါ်လာရတဲ့အဖြစ်မျိုးဆိုက်နေဦးမယ်။
yg"မင်းတယောက်တည်းပြန်ရဲ ရင်ပြန်ပေါ့…ညဉ့်နက်ရင်taxiသမားတွေက အလစ်ကိုချောင်းနေတာ ဓားထောက်ပြီးမင်းအိမ်ပေါ်ထိဓားပြသွားမှ အစထဲကmin yoongiနဲ့လာမိရင်ကောင်းသားဆိုတဲ့ နောင်တမျိုးရနေဦးမယ် အဲ့ခါကျရင်ငါကသနားမှာမဟုတ်ဘူး…မတော်တဆ လက်စပါဖျောက်သွားရင် မတွေးရဲတဲ့အဖြစ်မျိုးပေါ့ မင်းမှုခင်းကားတွေမကြည့်ဖူးဘူးလား အေးလေ မြွေအတုတောင်ကြောက်နေတာ အဲ့ကားတွေကြည့်ရဲမှာလဲမဟုတ်ပါဘူး"
နဂိုထဲကမှောင်လာရင်ကြောက်ပါတယ်ဆိုမှmin yoongiကဖြဲခြောက်နေတော့ hoseokလက်သီးဆုပ်တထောင်ထောင်နှင့်ဒေါပွနေရသည်။
hs"အား!Min yoongiအဘိုးကြီး တော်လိုက်တော့…တော်တော်စကားများတဲ့လူ ခင်များနဲ့ပြန်မယ်……Taxi!"
yoongiကိုဝင်တိုက်သွားခါ taxiကိုလမ်းမပေါ်ထွက် တားနေ၍ yoongiလဲ namjoonတို့ကိုလက်ပြနှုတ်ဆက်ပြီး hoseokဘေးနားသွားရပ်လိုက်သည်။
hs"ကျနော်က taxiငှားရတာမို့ကားခအကုန်ခင်များပဲပေးလိုက်တော့ အိမ်ကထွက်ထဲက taehyungဝယ်ကျွေးမယ်ပြောလို့ အသွားခဖိုးပဲယူလာတာ"
YOU ARE READING
Comic love{completed}