အိပ်ရေးပျက်တာရယ်,အစားပုံမှန်မစားတာရယ်ကြောင့် အားနည်းနေသောဖိုက်တာလေးက ကုတင်ပေါ်တွင် အားဆေးတလုံးထိုးပြီးသည့်နောက်အိပ်မောကျလို့နေသည်။
သူသာ ခေါ်မထုတ်လာခဲ့ရင် ဘယ်လိုဒဏ်ရာမျိုးရတဲ့ထိ အရှုံးကိုလက်မခံနိုင်ဖြစ်နေဦးမှာလဲကွာ။
ခန္ဓာနံဘေးချထားသောလက်ဖမိုးမှလက်ဆစ်လေးများ ကနီရဲခြင်းများကိုကျော်၍အညိုဘက်သမ်းနေတာသည် လက်အိတ်မဝတ်ပဲနဲ့လည်း လေ့ကျင့်ထားသေးတယ်ထင်၏။နှုတ်ခမ်းဖွဖွစေ့လျက် ဝင်သက်ထွက်သက် ဖြေညင်းစွာ အိပ်နေသောမျက်နှာလေးထက်၌ အညိုရောင်ဒဏ်ချက်လေးများထွက်လာသည်။သွေးကြေဥနေသော လက်လေးတဖက်ကိုယူ၍ နှုတ်ခမ်းနှင့် ထိဖို့ပင် နာသွားမလား စိုးရိမ်ရသည်။
နိုးလာရင် သူ့ဖြေရှင်းချက်တွေကို ယုံကြည်ပေးဖို့မျှော်လင့်မိပါသည်။တဖက်လှည့်နဲ့ဖိုက်တာလေးစိတ်ကိုစမ်းသပ်ခဲ့မိလို့ ဒေါသပြေတဲ့ထိ ထိုးမယ်ဆိုရင်တောင် ဝမ်းသာမိဦးမည်။နာကျည်းပြီးမုန်းတီးသွားတာထက်စာရင်တော်သေးသည်လေ။
ဖိုက်တာလေးကို ဒီနေ့လိုအနာတရများနှင့် ဆေးရုံ၏ကုတင်ပေါ်မှာ ရှိနေသည့်အဖြစ်မျိုးထပ် မရောက်အောင် ဖိုက်တာလေးနား တောက်တဲ့လိုသာ နေသွားမည်။အမှန်အကန်နည်းလမ်းဖြင့်သာ အချစ်ကိုရယူသွားမည်။တသက်လုံးစောင့်ဆိုလည်း ဖိုက်တာလေးကိုပဲ စွဲစွဲမြဲမြဲချစ်သွားနိုင်သည်။ဒီနေ့လိုကိစ္စမျိုးဖြစ်လာတော့ ဖိုက်တာလေးကို ဘာနဲ့မှတိုင်းတာလို့မရအောင် ချစ်မိနေမှန်း သိရှိခဲ့သည်။ထို့အတွက် ဖိုက်တာလေးသူ့ကိုလက်ထပ်ဖို့စဉ်းစားနိုင်သည်ထိ ဇွဲမလျှော့ပဲကြိုးပမ်းသွားမည်ဖြစ်သည်။
'Ring Ring Ring'
ဖိုက်တာလေးကို စူးစိုက်ငေးမော ကြည့်နေရင်းမှ အိတ်ကပ်ထဲမှဖုန်းလေးမြည်လာ၍ မျက်တောင်ခတ်ရန်သတိရတော့သည်။
"nae…jin hyung……"
(ဂျီမင့်ကိုဘယ်ခေါ်သွားတာလဲ ထယ်ယောင်း အခုအဆင်ပြေရဲ့လား)
"ပြေပါတယ်hyung…အခုဆေးရုံမှာ အိပ်နေတယ်…အခုမှအိပ်ရေးဝဝအိပ်နေတယ်ထင်ပါတယ်hyungရယ်…ဂျောင်ကုလည်းပြောလိုက်ဦး ကျွန်တော်သူ့အကို ကိုဘာမှမလုပ်ပါဘူးလို့"
YOU ARE READING
Comic love{completed}