Zawgyi
ကျောင်းပြောင်းသူတွေအများအပြားရှိသော်လည်းကျောင်းစတတ်သည့်နေ့မှထူးထူးခြားခြားသတိထားခြင်းခံနေရတဲ့taehyungက မိန်းကလေးများကြား ရေပန်းအစားဆုံး။အခုလို ဤကျောင်း၏ ဂုဏ်သိက္ခာကိုကယ်တင်ပေးလိုက်တော့ ယောက်ျားလေးတွေကအစ ရုပ်ရည်ရောအရည်အချင်းရော အပြစ်ထောက်စရာမရှိတဲ့ taehyungကို အားကျနေကြသည်။
အရင်Park jiminသာဆို ကိုယ့်ထက်လူပြောများတဲ့လူကို အလိုလိုကြည့်မရစိတ်နဲ့ ထိုသတင်းတွေကို အတင်းအကန်နားမထောင်မိအောင်နေမိမှာ။သို့သော် ဘယ်နေရာရောက်ရောက် taehyungကောင်းသတင်းသာကြားရ၍နားစွင့်နေမိပြီး ပီတိဖြစ်မိသလိုလိုရှိသည်။
taehyungသာတကယ်စိတ်ရှိတယ်ဆို ကျောင်းကိုရောက်လာမှာမို့တမင်အဆက်ဖြတ်ထားတဲ့သူကို ဖုန်းတတီတီဆက်ပြီး အနှောက်အယှက်မပြုချင်တော့ပါ။မနက်တိုင်း အစဉ်မပျက် ဖုန်းဆက်ပြီး အိပ်ယာပုံမှန်နှိုးပေးလို့ နှိုးစက်မထားတော့သည့်အခါ အခုဆို နှိုးပေးမည့်မရှိ၍ နေ့တိုင်းကျောင်းနောက်နေရပြီ။
သူခြေထောက်အညောင်းခံပြီးရပ်မနေရအောင် ကားလေးအိမ်ရှေ့ရောက်မှ ထွက်လာရန်စာလှမ်းပို့နေကြမို့ အခုဆို အကျင့်ပါနေတဲ့ခန္ဓာက စာဝင်သံမကြားမချင်း အိမ်အပြင်ကိုမထွက်မိပါ။
ပါးစပ်က အကောင်းကြိုက်တတ်သွားတယ်ပဲပြောပြော…taehyungကျွေးမှ မနက်စာကို ဈေးကြီးစာတွေ စားရတော့ အိမ်က အသစ်ပြောင်းမလုပ်တဲ့မနက်စာက ခံတွင်းမတွေ့။
အရင်ကအိမ်ရှေ့ရောက်တာနှင့် ကားပေါ်အဆင်သင့်တက်ခဲ့တော့ busဂိတ်ကိုလမ်းလျှောက်ရတာဟာ အဆုံးမမြင်နိုင်တဲ့သဲကန္တာရကို လျှောက်နေရသည့်အတိုင်း။
ကျောင်းရောက်ရင် ရတဲ့လက်ဆောင်ပစ္စည်းတိုင်းဦးဦးဖျားဖျားသူ့ကိုပေးတတ်လွန်းလို့အခုဆို စာသင်ချိန်တောင် ဗိုက်ဆာတတ်နေပြီ။ခုံအောက်ထဲ ထည့်ထားပေးတဲ့ မုန့်ထုတ်တွေအစား, စားပြီးသမျှအခွံတွေသာလက်ထဲပါလာတယ်။
တနေ့လုံး လက်ယားလက်ယားကျောင်းထဲပတ်ခဲ့သမျှအခုတော့ လွတ်နေတဲ့ညာဘက်ကနေရာလေးသာ စောင်းကြည့်ရလွန်းလို့ လည်ပင်ကြောတောင်ကပ်နေပြီ။
YOU ARE READING
Comic love{completed}