Ep-2❄️

557 65 6
                                    

Uni💙

•••••••••

နွေရာသီရဲ့ပူလောင်မှုဟာ
ဂိုထောင်ကိုမိုးကာထားသော သွပ်ပြားတို့
တဂျွပ်ဂျွပ် အသံများပင်ရိပေါ် ကြားရသလားပင်

တပတ်နေမှ တခါလောက်သာ တောင်အောက်ဆင်းပြီး စားစရာ ဝယ် တဝာ်သည်မို့
အပျင်းကြီးသည့်ရိပေါ်အတွက် ရေခဲ့သေတ္တာထဲတွင် နို့ဘူး တွေသာ တန်းစီနေတော့သည်။

တောင်အောက်တွင်လည်း မယ်မယ်ရရ
နေရာဌာနတို့ရှိမနေဘဲ ခြောက်ခြောက်ကပ်ကပ်နဲ့ Mini store လေးသာ ရှိသည်မို့
ရိပေါ်ဟာ အများအားဖြင့် ခေါက်ဆွဲနဲ့သာ ညားလေ့ရှိသည်။

" မင်း ..."

ရေခဲ့သေတ္တာထဲ နို့ဘူးအသေးလေး တစ်ဘူး
ဖောက်သောက်ပြီး ခုံပေါ် ထိုင်သည်ထိ
လိုက်ကြည့်နေတဲ့ သူကြောင့် ရိပေါ်က
လက်ငြိုးပြီးရန်လုပ်ဟန်ပြုတော့
Leo သည် သူ့ကိုခေါ်သည်အထင်နှင့် ပြုံးပြလာသည်။

" ဒုတ် ဒုတ် ဒုတ် ဒုတ် !!"

ရဂ်ဘက်ထဲက အငြိမ်မနေတဲ့ အကောင်ကြောင့် ရိပေါ် ပြံုးနေတဲ့လူကိုဆက်မကြည့်တော့ဘဲ ရဂ်ဘက်ပေါ်လက်လေးတင်ကာ မျက်လုံးလေးမှိတ်လို့နေမိသည်။
သူကိုယ်သူလည်းဘာတွေဖြစ်နေမှန်းမသိ

" Leo Leo ကြီးက ခေါ်လို့မကောင်းဘူး "

ခနနေတော့ ရိပေါ်ဟာ ပြသာနာရှာပြန်သည်။
သူသည် ဒီဟာလေးအားသူကိုယ်တိုင်သာ အမည်ပေးချင်သည်။
သူတီထွင်ထားတာ မဟုတ်ပေမယ့်လို့
သူ့ကြောင့် နိုးထလာသည်မလား။
ရိပေါ်သည် ထိုလူသားစက်ရုံအား သူတစ်ယောက်တည်းသာလျှင်ပိုင်ဆိုင်ခွင့်တို့ ရှိချင်ပါသည်။

" အင်း...ဘယ်လိုခေါ်ရင်ကောင်းမလည်း "

တွေးစစနဲ့ရိပေါ့် အပြောတို့အား
Leo သည် ဂရုတစိုက်နားထောင်လျက်ရှိ‌သည်။

ရိပေါ် ရှေ့က တစ်ယောက်အား တစ်ချက်စူးရဲစွာကြည့်လိုက်သည်။
ရိပေါ် မဝတ်ချင်၍ ပစ်ထားသောအပြာရောင်
Shirt အကြီးကြီးက ယခုမှ ပိုင်ရှင်တွေ့သွားသဖွယ် Leo ကိုယ်ပေါ်တွင်နေရာယူလို့

ကြီးလွန်းတဲ့ အကျီဟာ အဖြူရောင် ဘောင်းဘီ ခပ်တိုတိုအား ဖုံးကွယ်ထားသဖြင့်
ခုံပေါ်ထိုင်နေသောLeo မှာ ခြေတံဖွေးဖွေးသွယ်သွယ်တို့ အထင်းသား

Blue dandelion ..💙[Completed]Where stories live. Discover now