Ep-5❄️ (final)

748 73 14
                                    

Uni💙

••••••••••

" အာရား ပေကုန်အုံးမယ်လေ "

Blue စကားကြောင့် မြေပြင်ပေါ်အခင်းတို့မပါပါဘဲ ပတ်လက်လှန်နေသော ရိပေါ် လက်နှစ်ဖက်ကို နောက်ဘက်အားပြုထောက်ရင်းထိုင်ကာ မျက်စောင်းထိုးလို့

" စက်ရုပ်ဖြစ်ပြီးအသန့်ကကြိုက်သေး"

Blueသည်ရိပေါ်၏ ဂျစ်ကန်ကန်အပြူအမှုတို့အား သဘောကျလျက်ရှိသည် အမှန်ဆို သူက ကိုယ့်ကိုယ်ပေမှာပူသည်မှမဟုတ်ဘဲ သူက
ရိပေါ် ဖုန်တွေပေသွားမှာကို စိတ်ပူချင်းသာ

"ခုထိ ....မလာသေးဘူး !"

ခပ်ကျယ်ကျယ်အော်ပြောသော သူကြောင်ါ
အလိုတော်ကြဘေးနားဝင်ထိုင်ရင်း
မြေပြင်ပေါ်ခေါင်းအိပ်ချလိုက်သည်။

ရိပေါ်နှင့် Blue၏ ခေါင်းများမှာကပ်လျက်ရှိပြီး တစ်ယောက်နဲ့တစ်ယောက်ခေါင်းချင်းဆိုင်အိပ်နေသည့် အနေအထားခြေထောက်များဟာ ဆန့်ကျင့်ဘက်မှာဆန့်တန်းထားကြသည်။

ရိပေါ်သည် မည်သည့်စိတ်ကူးတို့ပေါက်သည်
မသိ blue dandelion ပန်းတွေအကြောင်းပြောလိုက်သည့်နေ့မှစ၍ အမြဲတစေ မရှိသလို သဘောထားခဲ့ပါသော တစ်ဖက်က ပန်းခြံကြီးအားယခုတော့ အမြဲလိုလိုသွားလို့ ‌blue နဲ့အတူ ရောက်တတ်ရာရာများပြောနေတတ်သည်။

" အဟိ !!"

မျက်စိရှေ့ တည့်တည့်တွင်မြင်နေရပါသော
ကောင်းကင်ပြာကြီးအား နောက်ခံပြုကာ
ရိပေါ်သည် သူ၏ လက်များမြှောက်ကာဖြန့်လို့ ကြည့်ရင်း တစ်ယောက်တည်းဘာကိုသဘောကျမှန်းမသိ သဘောကျနေတော့သည်။

" လိုက်တယ် ရိပေါ်ရဲ့ လက်လှလှလေးနဲ့ ကောင်းကင်ပြာပြာက "

ဟိခနဲ စိတ်လွတ်ကိုယ်လွတ်ထွက်သွားပြီးမှ
ရှက်ကာ မြှောက်ထားသော လက်တစ်‌ဖက်ချမည်အလုပ် blue၏ လက်တို့သည် သူ၏လေထဲတွင်ရှိသောလက်ပေါ် အုပ်မိုးဆုပ်ကိုင်၍ ခပ်ဖြည်းဖြည်းဆိုသည်။

ရိပေါ်သည် ဆုပ်ကိုင်ထားသော လက်နှစ်ဖက်ကို ကြည့်ရင်း တွေးမိပြန်
Blue သာ အထိအတွေ့တွေခံစားလို့ရရင် သိပ်ကောင်းမယ်လို့ ဒီလိုသာဆို .....
အို ဘဝရဲ မြတ်နိုးဖွယ်တစ်ခုလက်ဆောင်ရပြီးပြီဘဲဟာ ရိပေါ်က ဘာတွေထပ်တောင်းဆိုစရာလိုသေးလို့လည်း

Blue dandelion ..💙[Completed]Where stories live. Discover now