Ep-3❄️

424 59 5
                                    

Uni💙

•••••••••

" အင့် "

Blue သည် အပျင်းကြီး၍ ဆိုဖာပေါ် ခွေခွေ
ခေါက်ခေါက် အိပ်နေတဲ့ ရိပေါ်အား ကြည့်ကာ
စပ်စုလျက်ရှိသည်။
နှာလုံးလုံးလေးအား ထိတွေ့မိတော့ ရိပေါ်သည် နှုတ်ခမ်းဖူးဖူးလေးအား
ဆူထော်ကာ အင့်ခနဲ တစ်ဖက်သို့ လှည့်သွသည်။

"!!!!!!!"

ဘုရားရေ !!
Blueသည် သူ၏ နှုတ်ခမ်းများအား စမ်းရင်း
မျက်နှာချင်းဆိုင်ရှိ ကိုယ်လုံးပေါ် မှန်အား
ကြည့်ကာ လန့်သွားတော့သည် ။
သူသည် ပြုံးနေခဲ့သည်။
ရိပေါ် ကိုကြည့်ပြီးတော့တဲ့လား !!
သူလို ခံစားချက်တွေအထူးတထွေ မရှိသင့်တဲ့
ဖန်တီးမှုက ထိတွေ့မှုတွေခံစားလို့မရနိုင်တဲ့သူက ရိပေါ်ဆိုတဲ့ ကောင်လေး တစ်ယောက်အတွက်နဲ့ ပြုံးနေခဲ့ပါသည်တဲ့

" အွင့် ဘုတ် !!!"

ဆိုဖာနား ထိုင်နေရာမှ ထရန်လုပ်တော့
ရိပေါ်သည် လက်တစ်ဖက်အား ဆွဲလိုက်သည်မို့ Blue မှာကုန်းကုန်းကွကွနဲ့ ရိပေါ့် ပေါ် ထက်ရပ်ကျသွားတော့သည်။

" မင်း !!!"

မျက်လုံး နှစ်လုံး ဖွင့်ဖွင့်ချင်း မြင်လိုက်ရတဲ့
အပြာရောင် မျက်ဝန်း တစ်စုံကြောင့်
ရိပေါ်မှာလည်း အလန့်တကြား
နီးကပ်လွန်းတဲ့ မျက်နှာအနေအထားမှာ
Blue၏ ဆံပင်ပြာပြာ တို့က ရိပေါ် မျက်နှာဘေး ဝန်းရံကာ စိုက်ကျလျက်ရှိသည်။

တစ်ပုံစံတည်း ထုတ်ထားတာတောင်
Blue ဟာ ထိုသို့ ကြည့်ကောင်းစရာလိုလားလား
Blue သည် ကြည်ပြာရောင် နတ်သားလေး
သဖွယ် ရိပေါ့်အတွက် သိပ်ကြည့်ကောင်းသည်။

အကယ်၍ Blue သာ လူသားတစ်ယောက်သာ
ဆိုလျှင် ယခုအနေအထားတွင် ရိပေါ်၏ နို့နံ့ကိုယ်သင့်ရနံ့ သင်းသင်းလေးဟာ နှာခေါင်းဝကို ကြည်ဇယ် နေလိမ့်မည်။

" ဘုန်း !!!!"

"!!!!!!!"

ကုန်းကုန်းကွကွ ဖြစ်နေတဲ့ blue က ထဖို့ပြင်လိုက်ချိန် ခြေထောက် တစ်ဖက်က ရိပေါ်ဖွထားသော ကြမ်းပြင်ပေါ်က အမှိုက်တွေနဲ့ ခုလုတ်တိုက်ကာ ဆိုဖာပေါ် ပတ်လပ်လေး ရှိသော ရိပေါ်ပေါ်သို့ ထပ်လျက် ကျသွားကာ
နှုတ်ခမ်းဖူးဖူး နှစ်ခု ထိကပ်သွားလျက်ရှိသည်။

Blue dandelion ..💙[Completed]Where stories live. Discover now