Ep-4❄️

409 56 5
                                    

Uni💙

•••••••

" မင်းကလေ အမြဲဘဲ ကျစ်!!!"

အမြဲတစေ စိုက်ကြည့်နေတတ်တဲ့ blue ကြောင့် ရိပေါ်သည် ရှက်နေသည်အား ဖုံးကွယ်ရန် ဘောက်စစ ပြောတော့
စိုက်ကြည့်မြဲဖြစ်တဲ့အပြင် ကြည်ပြာရောင်
မျက်ဝန်းငယ်တွေကို စိုက်ကြည့်ပါရန် အားမရှိတဲ့အခါ သူ့မှာ ကျစ်သက်ကာ စကားစတို့ ရပ်တန့်ရပြန်

မင်းကိုတော့ မပြောချင်တော့ဘူးဆိုတဲ့ အကြည့်ဖြင့် ကြည့်ကာ တဖက်လှည့်သွားသော ရိပေါ်အား blue ပြုံးလို့သာ ကြည့်နေမိသည်။သူ၏ နှုတ်ခမ်းတို့သည် ထိုကောင်ငယ်လေးအတွက်ပြုံးပါရန်သာ ပြုလုပ်ထားသည်ဟု ထင်ရဖွယ်
သူသည် တမင်ဖန်တီးခြင်းမဟုတ်ပါဘဲ ရိပေါ်ဆိုတဲ့ ကောင်လေးအကြောင်း တွေးမိသည်နှင့်ပင် ထိုနှုတ်ခမ်းတို့ဟာ ကော့တပ်နေခဲ့ခြင်း

လေပြင်းပြင်းတွေ ကျီဇယ်တော့ နု့နယ်လှတဲ့
Dandelion ပန်းတွေ လေမှာ ကြွေတဲ့အခါ
မျက်စိရှေ့က မြင်နေရတဲ့ ငွေဘော်ရောင်ဆံနွယ်တွေရဲ့ပိုင်ရှင်၏ကျောပြင်ခပ်သိမ်သိမ်နဲ့အတူ အပြာရောင်ကောင်းကင်ကျယ် ဟာ လိုက်ဖက်လို့နေပြန်

" ရိပေါ်က ငွေဘော်ရောင် ဆံပင်တွေနဲ့သာ ပိုပြီးကြည့်ကောင်းမှာ "

Dandelion ပန်းခင်းထဲ ရောက်ကတည်းက
ပထမဦးဆုံးပြောသော စကားစကြောင့်
ရိပေါ် အမြန်ဘဲ တစ်ဖက်လှည့်နေရာမှ မျက်နှာခြင်းဆိုင်လိုက်သည်။
ထို့နောက် မဲ့ပြုံးဖြင့်

" ဒါက ငွေဘော်ရောင်မဟုတ်လို့ မင်းမေကြီးတော်ကြီးလား "

အို blue မြတ်နိုးမိသော ကောင်ငယ်လေးသည် ထိုသို့ ညစ်ညမ်းသော စကားတို့လည်း ချစ်ဖို့ကောင်းအောင် ဆိုတတ်ပြန်သည်။

Blue သည် ငွေဘော်ရောင်အနည်းငယ်သာ ပါသော ဆံပင်စအား ကိုင်ပြကာပြောနေသော ရိပေါ်ကို ကြည့်ကာ ခပ်ဟဟရယ်ရင်း
ခေါင်းရမ်းလိုက်သည်။
ထိုအပြာရောင်နတ်ဖုရားငယ် ရယ်မောလိုက်တဲ့ ရိပေါ့်၏ ရင်ခုန်သံတို့ မူမမှန်တော့သည်ကားတော့ သူ ဝန်ခံပါသည်။

" blue ဆိုလိုတာက အဲ့လို မဟုတ်ဘူးလေ ဆံပင်တွေ အကုန် လုံးကို ‌ငွေဘောင်ရောင်ဖြစ်သွားရင်ပြောတာ "

Blue dandelion ..💙[Completed]Where stories live. Discover now